COVID-19 Call Center အချိန် လျှော့ချ ဖွင့်လှစ်

COVID_19 Call Center ခေါ်ဆိုမှုကို ယခင်က နံနက် ၈ နာရီမှ ည ၈ နာရီထိ ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပြောင်းလဲ ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အတွက် COVID-19 Call Center ကို ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနတို့ ညှိနှိုင်းမှုနဲ့ ဆက်သွယ်ရေးအော်ပရေတာ လေးခု၊ Blue Ocean ကုမ္ပဏီတို့ပူးပေါင်းကာ COVID-19 Call Center (ဖုန်း-၂၀၁၉) ကို ဧပြီ ၈ ရက်မှစတင်ကာ နံနက် ၈ နာရီမှ ည ၈ နာရီထိ ရန်ကုန်မြို့၊ ဆေးသုတေသန ဦးစီးဌာန မှာ ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။

အဆိုပါ စင်တာကို ရန်ကုန်မြို့၊ ဆေးသုတေသန ဦးစီးဌာနမှ ဝန်ထမ်း ၄၃ ဦး၊ မြန်မာနိုင်ငံဆရာဝန်များသင်းမှ စေတနာ့ ဝန်ထမ်းဆရာဝန် ၁၇ ဦး စုစုပေါင်း ၆၀ နဲ့ ဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။\

-သန္တာ