COVID 19 အီးမေးလ်အတုတွေကနေ ဘယ်လိုကာကွယ်မလဲ

ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေရဲ့ အကျိုးစီးပွားနဲ့ အကြောက်တရားတွေကို စိုးမိုးခြယ်လှယ်နေပါတယ်။ အခုဆိုရင်လည်း COVID-19 နဲ့ ပတ်သက်တဲ့ အီးမေးလ်အတုတွေ Gmail မှ ပျံ့နှံ့နေပါတယ်။ အဲဒီ အီးမေးလ်တွေကနေ သုံးစွဲသူတွေနဲ့ လုပ်ငန်းတွေက ဘယ်လို ကာကွယ်မလဲ ဆိုတာကို Google Cloud blog post မှာ ရေးသား အကြံပြုထားပါတယ်။

Google ရဲ့ထုတ်ပြန်ချက်အရ phishing တိုက်ခိုက်မှုတွေနဲ့ scam တွေက သုံးစွဲသူတွေ တစ်စုံတစ်ရာ တုံ့ပြန်လာအောင် လွဲမှားတဲ့ အာရုံကို ဖန်တီးတတ်ကြပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ် အပေါ်က ကြောက်ရွံ့စိုးရိမ်မှုကို အသုံးချရပါတယ်။ ဥပမာအရ အီးမေးလ်အတုတစ်ခုက WHO ဟန်ဆောင်ပြီး လှူဒါန်းတာ ဒါမှမဟုတ် malware ကိုဖြန့်ချိတာ လုပ်တတ်ပါတယ်။

အခြား phishing တိုက်ခိုက်တစ်ခုကတော့ အိမ်ကနေ အလုပ်လုပ်သူတွေအပေါ် အမြတ်ထုတ်တိုက်ခိုက်မှု ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာတော့ လာမယ့်လအနည်းငယ်အတွင်း လစာ ၂ ဆမြင့်မားစေမယ့် link ပါဝင်တတ်ပါတယ်။ ၄၈ နာရီအတွင်း လှုပ်ရှားဖို့ တိုက်တွန်းတတ်ပါတယ်။ နောက်တစ်ခုကတော့ “COVID-19 Payment” ဆိုပြီး ငွေတောင်းခံလွှာကို download လုပ်ခိုင်းတတ်ပါတယ်။ ပုံမှန်အတိုင်းဆို Gmail ကတော့ ပုံမှန်မဟုတ်တဲ့ attachment အမျိုးအစားတွေ ဖော်ထုတ်သတိပေးပါတယ်။

တကယ်လို့ Gsuite မှာ ဖော်ပြထားတဲ့ အီးမေးလ်တွေ ဝင်လာတဲ့အခါ ဘယ်လိုကာကွယ်ရမလဲဆိုတာ Google ကညွှန်ကြားထားပါတယ်။ သုံးစွဲသူက Security Checkup မှာ account လုံခြုံရေးကို စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူက အီးမေးလ်မှာ မသိတဲ့ ဖိုင်တွေကို download မလုပ်သင့်ပါဘူး။ သုံးစွဲသူတွေအနေနဲ့ Gmail အတွင်း document preview ကိုအမြဲအသုံးပြုသင့်ပါတယ်။

စိုးထက်
Ref: TomsGuide