
Covid-19 ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက်ရာမှာ ရောဂါကူးစက်ခံရမှုများကို ခြေရာခံဆောင်ရွက်ရာမှာအထောက်အကူဖြစ်တဲ့ စောစောရှာ sawsawshar Mobile Application ကို Covid-19 ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ICT နည်းပညာထောက်ကူရေးအဖွဲ့က ဧပြီ ၁၆ ရက်ကရေးဆွဲခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ sawsawshar Mobile Application မှာ ပြည်ပနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ အပါအဝင် ကူးစက်ခံရနိုင်ခြေရှိသူများကို ICT နည်းပညာအထောက်အကူနဲ့ ရှာဖွေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ရောဂါနဲ့ ထိတွေ့နိုင်မှု အခြေအနေ၊ အချိန်၊နေရာတို့ကို သိနိုင်ခြင်း၊ ရောဂါကူးစက်သူတို့ သွားလာခဲ့တဲ့ နေရာများကို သိနိုင်ခြင်း၊ မိမိကိုယ်တိုင် သာမာန်အခြေအနေတွင် နေထိုင်သည်ဖြစ်စေ၊ ကွာရန်တင်း နေထိုင်သည်ဖြစ်စေ မိမိရဲ့ ကျန်းမာရေး အခြေအနေကို သတင်းပေးပို့နိုင်ခြင်းနဲ့ လိုအပ်ပါက ကုသမှု ရရှိနိုင်ခြင်း စတာတွေ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Sawsawshar Mobile Application ကို မိုဘိုင်းဖုန်းအတွင်း Download ဆွဲခြင်း ၊အသုံးပြုခြင်းအတွက် အင်တာနက်သုံးစွဲခ ကုန်ကျမှုမရှိစေဖို့ တယ်လီကွန်းများနဲ့ ဆောင်ရွက်ထားကြောင်း၊ အပိုဆောင်းအနေနဲ့ အဆိုပါ Mobile Application ကို ရယူ သုံးစွဲသူများကိုလည်း ဇူလိုင် ၃၀ ရက်အထိ တစ်လသက်တမ်းရှိ 1GB အင်တာနက် အခမဲ့ ပေးသုံးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Sawsawshar Mobile Application အနေနဲ့ Version 1.1.12 အနေနဲ့သာထွက်ရှိပြီး Android OS တွေမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Android OS သုံး Tablet နဲ့ စမတ်ဖုန်းတွေမှာ Play Store ကနေ အခမဲ့ ဒေါင်းလုပ် လုပ်ယူနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ Download ပြုလုပ်လိုသူတွေအနေနဲ့ ဒီနေရာကနေ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
-ကျော်ဇေယျ