COVID-19 လူနာအတွက် အသက်ရှူစက် ထုတ်လုပ်ပေးဖို့ အီလွန်မက်စ်ကို မြို့တော်ဝန်တောင်းဆို

ဘီလျံနာစွန့်ဦးတီထွင်လုပ်ငန်းရှင် အီလွန်မက်စ်က COVID-19 ဗိုင်းရပ်စ်ရောဂါလက္ခဏာ ခံစားနေရသူတွေကို ကူညီဖို့ Tesla နဲ့ SpaceX က အသက်ရှူစက်တွေ ထုတ်လုပ်လိုတယ်လို့ Twitter မှာ ဗုဒ္ဓဟူးနေ့က ရေးသားခဲ့ပါတယ်။ နယူးယောက်စီးတီး မြို့တော်ဝန်က အီလွန်မက်စ် ကမ်းလှမ်းမှုကို ရယူလိုနေပါတယ်။

နယူးယောက်စီးတီးဟာ လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း အသက်ရှူစက် ထောင်ပေါင်းများစွာ လိုအပ်တယ်လို့ မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက Twitter မှာကြာသပတေးနေ့က ရေးသားခဲ့ပါတယ်။ သူ့အဖွဲ့တွေက အီလွန်မက်စ်ကို တိုက်ရိုက် ဆက်သွယ်သွားမှာဖြစ်ပြီး အကူအညီကို အသုံးပြုမယ်လို့ ရေးသားခဲ့ပါတယ်။

အီလွန်မက်စ်ရဲ့ အဖွဲ့တွေက မလုံလောက်တဲ့အခါမှာ အသက်ရှူစက်တွေ ဖန်တီးသွားမယ်လို့ ပြောခဲ့ပါတယ်။ လက်တလောမှာ အမေရိကန်မှာ အသက်ရှူစက်မလုံလောက်တဲ့ ပြဿနာ မဖြစ်ပေါ်သေးပါဘူး။ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကုန်ပစ္စည်းပြတ်လပ်မှုကို ဖြေရှင်းဖို့ စစ်ပွဲကာလ “ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှု အက်ဥပဒေ” ကိုလက်မှတ်ရေးထိုးလိုတယ်လို့ ပြောထားပါတယ်။

အဆိုးဆုံးအခြေအနေ ဖြစ်ပေါ်လာမှပဲ အက်ဥပဒေကို လက်မှတ်ထိုးမယ်လို့ Twitter ကတစ်ဆင့် ထရမ့်ကပြောကြားထားပါတယ်။

စိုးထက်
Ref: TheVerge