COVID 19 လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်း အခမဲ့ပို့ချပေးမည်

ILO SME Support Program နဲ့ SIYB Myanmar တို့ပူးပေါင်းပြီး COVID 19 Pandemic ကာလနဲ့ ကာလလွန် အတွက် COVID 19 လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းကို အခမဲ့ ပို့ချပေးသွားမယ်လို့ သိရပါတယ်။
သင်တန်းတွေကတော့ ပထမဆင့်အနေနဲ့ Basic Online Tranining Skills TOT ကိုတက်ရောက်ရမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ COVID 19 Occupational Safety and Health TOT ကို အွန်လိုင်းမှတစ်ဆင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

“ဒီ Basic Online Training Skills TOT မှာ လက်တွေ့ Online Training ပေးတတ်အောင်သင်ပေးမှာပါ။ Online Training ကို ကောင်းစွာပေးတတ်ပြီဆိုရင်၊ ဘာသာရပ်အသစ် (၁) ခုကို သင်ယူကြရမှာပါ။ အခု လက်ရှိ အခြေ အနေမှာ SME လုပ်ငန်းတွေ အတွက် အလိုအပ်ဆုံး က COVID 19 လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးပါ။ ဒါကို ဆရာ၊ဆရာမတို့ TOT အ နေနဲ့ တက်။ TOE ကို ပြန်သင်ယူခွင့်ရယူပြီးရင် SME တွေ ပြန် Train လုပ်ခြင်းဖြင့် တန်ဖိုးရှိတဲ့ ၊ တာဝန်သိတဲ့ဆရာ၊ ဆရာမတစ်ဦး အနေနဲ့ ရပ်တည်နိုင်မှာဖြစ်ပါတယ်”လို့ SIYB Myanmar မှ ဒေါ်နီမြစီက ပြောပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ ဖုန်း-၀၉၄၄၈၀၀၈၄၅၉ နဲ့ ၀၉၅၀၅၂၄၄၆ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««