COVID-19 ရောဂါမပြန့်ပွားစေရေးအတွက် Seameo Chat သင်တန်းများ ခေတ္တပိတ်ထားမည်

COVID-19 ရောဂါမပြန့်ပွားစေရေးအတွက် Seameo Chat သင်တန်းတွေ ခေတ္တပိတ်ထားမယ်လို့ သိရပါတယ်။

ဆီမီယိုဒေသဆိုင်ရာသမိုင်းနှင့်ရိုးရာဓလေ့ဌာနရဲ့ CHAT Communication In English Course သင်တန်းမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါမပြန့်ပွားစေရေးအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ SEAMEO CHAT မှဖွင့်လှစ်ထားတဲ့ CHAT Communication In English Course သင်တန်းကို မတ် ၂၉ ရက်မှ ဧပြီ ၃၀ ရက် အထိ ခေတ္တပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

ယခုလက်ရှိတက်ရောက်နေတဲ့ အတန်းများအားလုံးဟာ သတ်မှတ်ထားတဲ့ မတ် ၂၈ ရက်မှာ စာမေးပွဲ ဖြေဆိုရမှာဖြစ်ပြီး သင်တန်းပြန်လည်ဖွင့်လှစ်မယ့် ရက်တွေကို ပြန်လည် ကြေညာပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

-သန္တာ