COVID-19 ဗိုင်းရပ်စ် မျက်နှာပြင်တွေပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်

COVID-19 ကြောင့် ဖြစ်ပေါ်တဲ့ ဗိုင်းရပ်စ်ဟာ မိုဘိုင်းဖုန်း၊ စတီး၊ ဗိုင်နယ်နဲ့ ငွေစက္ကူပေါ်က မျက်နှာပြင်တွေပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင်မယ်လို့ ဩစတြေးလျသိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

Sar-CoV-2 ဟာ အပူချိန်နိမ့်ပါးတဲ့ ပတ်ဝန်းကျင်မှာ အချိန်ကြာမြင့်စွာ ရှင်သန်နိုင်တယ်လို့ ဂျီလောင်းက ရောဂါပိုင်းဆိုင်ရာ အသင့်ပြင်ဆင်မှု ဩစတြေးလျစင်တာ (ACDP) မှာ သုတေသနပြုလုပ်ခဲ့တာလို့ CSIRO က ပြောခဲ့ပါတယ်။

CSIRO ထုတ်ပြန်ချက်ထဲမှာ ဗိုင်းရပ်စ်ဟာ ပလတ်စတစ်ငွေစက္ကူထက် စာရွက်သားငွေစက္ကူမှာ အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ပြီး ချည်ထည်လိုမျိုး စိမ့်ဝင်နိုင်တဲ့ မျက်နှာပြင်ထက် ချောမွတ်တဲ့ မျက်နှာပြင်မှာလည်း အချိန်ကြာမြင့်စွာ တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Virology ဂျာနယ်မှာလည်း ဖော်ပြခဲ့တဲ့ သုတေသနအရ ဗိုင်းရပ်စ်ဟာ မျက်နှာပြင်တချို့ပေါ်က ရာသီတုပ်ကွေးထက် ၁၀ ရက်အထိ ရှင်သန်နိုင်တယ်လို့ သိရပါတယ်။

CSIRO အမှုဆောင်အကြီးအကဲ ဒေါက်တာလယ်ရီမာရှယ်ကတော့ မျက်နှာပြင်ပေါ်မှာ ဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ ရှင်သန်နိုင်သလဲဆိုတာ လေ့လာမှုကြောင့် သိပ္ပံပညာရှင်တွေက ရောဂါပိုး ပျံ့နှံ့မှုကို တိကျစွာခန့်မှန်းနိုင်သလို တားဆီးနိုင်ပါမယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ရောဂါကူးစက်ခံရမှုကနေ လူမှုအသိုက်အဝန်းကို ကာကွယ်နိုင်ပါမယ်။

-စိုးထက်
Ref: TheGuardian

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««