COVID-19 ဖြစ်ပွားမှုအခြေအနေ ပြသပေးမယ့် Google Maps

Google ဟာ Maps app ပေါ်မှာ COVID နဲ့သက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေများစွာ ဖြန့်ချိထားပါတယ်။ ရောဂါဖြစ်ပွားမှုကြောင့် ခရီးစဉ်နှောင့်နှေးမှုကို သတိပေးသလို ဒေသတွင်းလုပ်ငန်းတွေ အလုပ်များပြားမှုနဲ့ COVID စမ်းသပ်မှုနေရာ အနီးအနားက တည်နေရာတွေကို tag လုပ်ပေးတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ ဗုဒ္ဓဟူးနေ့က Google က Maps မှာ ဧရိယာတစ်ခုအတွင်း ဗိုင်းရပ်စ်မြင့်တက်မှု လူနာသစ်အရေအတွက်ကိုလည်း ဖော်ပြပေးမယ့် လုပ်ဆောင်ချက် အသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

Google ဟာ Maps အတွက် အလွှာသစ်ကို ဖြန့်ချိထားပြီး လူ ၁၀၀,၀၀၀ မှာ COVID ကူးစက်တဲ့ လူနာသစ် တစ်ပတ်စာပျှမ်းမျှကို ပြသပေးကာ ကူးစက်မှုနှုန်း တိုးတက်တာ ဒါမှမဟုတ် လျော့ကျတာကိုလည်း ပြသပေးပါမယ်။ အဲဒီအလွှာက John Hopkins University, the New York Times နဲ့ Wikipedia အပါအဝင် သတင်းရင်းမြစ်တွေကနေ ရယူထားတာ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့အစည်းတွေကလည်း Word Health Organization, national governments နဲ့ ဆေးရုံများစွာကနေ အချက်အလက်တွေ ရယူထားတာပါ။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««