Covid-19 နှင့်ပတ်သက်၍ 2019 နံပါတ်ဖြင့် Call Center သို့ အခမဲ့ခေါ်ဆိုနိုင်

Covid-19 နဲ့ ပတ်သက်ပြီး 2019 နံပါတ်ဖြင့် Call Center သို့ အခမဲ့ ခေါ်ဆိုနိုင်မယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး အများပြည်သူများမှ သိရှိလိုသည်တွေကို မေးမြန်းနိုင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆောင်ရွက်တဲ့ Call Center သို့ ခေါ်ဆိုတဲ့အခါ အများပြည်သူများ မှတ်သားရလွယ်ကူစေနိုင်ရေး “2019” နံပါတ်ကို သတ်မှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အဆိုပါ 2019 နံပါတ်ကို မိုဘိုင်းအော်ပရေတာအားလုံးရဲ့ ဖုန်းများမှ အခမဲ့ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။

-အောင်သူ