Covid-19 နှင့်စပ်လျဉ်း၍ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုရယူနိုင်

COVID-19 ရောဂါကို ကူးစက်ပျံ့နှံ့ခြင်းမှကာကွယ်ရန် (၁၄) ရက် အသွားအလာကန့်သတ်ခြင်း၊ တားမြစ်ခြင်းတို့ဆောင်ရွက်ရာတွင် သီးခြားခွဲခြားနေထိုင်ရခြင်းနှင့်ဆက်စပ်သော အကြောင်းများကြောင့် Quarantine အစီအစဉ်များတွင် ပါဝင်နေသူတွေကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနက စိတ်ဓာတ်ပိုင်းဆိုင်ရာပံ့ပိုးပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးမှုပေးခြင်းတို့ကို တယ်လီဖုန်းဖြင့် ဝန်ဆောင်မှုပေးသွားမယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့ အသိပေးကြေညာချက်မှ တစ်ဆင့် သိရပါတယ်။

Covid-19 နှင့်စပ်လျဉ်း၍ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုရယူခြင်းကို နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများသို့ အများပြည်သူများမှ အောက်ဖော်ပြပါနံပါတ်များသို့ အခမဲ့ခေါ်ဆိုနိုင်ရေးအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာနရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုနဲ့ အော်ပရေတာများမှ ဆောင်ရွက်ထားပေးပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

-အောင်သူ