COVID-19 နဲ့ပတ်သက်တဲ့ သတင်းတုတွေကို ဘယ်လို ရှောင်ရှားမလဲ

COVID-19 နဲ့ပတ်သက်တဲ့ သတင်းတွေ ဖတ်ကြည့်တဲ့အခါ သတင်းအတုနဲ့ အစစ် ခွဲခြားသိဖို့ အရေးကြီးပါတယ်။ မသေချာမရေရာတဲ့ အချိန်အတွင်း လူတွေက သတင်းမှားတွေ ဖြန့်ဖြူးတာတွေ လုပ်လာနိုင်ပါတယ်။ အဲဒီလို သတင်းတုတွေ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အခြား ကျော်ကြားတဲ့ သတင်းဌာနတွေမှာလည်း စစ်ဆေးပါ

သတင်းတစ်ခုနဲ့ ပတ်သက်ပြီး မမှန်ဘူးလို့ ခံစားလာရင် Google News သို့သွားရောက်ပြီး စစ်ဆေးသင့်ပါတယ်။ ဖတ်ရတဲ့ သတင်းနဲ့ ပတ်သက်ပြီး အခြားသတင်းဌာနက ရေးထားသလား ဆိုတာကိုလည်း စစ်ဆေးသင့်ပါတယ်။ Google News မှာမတွေ့ရင်တော့ သတင်းတုပါပဲ။

ပုံကို Reverse search လုပ်ပါ

Google ဟာ Chrome နဲ့ Microsoft Edge တွေမှာ feature တစ်ခု ထည့်ထားပါတယ်။ အဲဒါကတော့ ဓာတ်ပုံမှာ right-click နှိပ်လိုက်ပြီး ‘Search Google for Image’ ဆိုတာနဲ့ ပုံရှာလိုက်နိုင်ပါတယ်။ အဲဒီ option ကို အသုံးပြုပြီး reverse ဓာတ်ပုံ ရှာဖွေမှုလုပ်လို့ရပါတယ်။ သတင်းတစ်ခုမှာ ပုံလွဲမှား သုံးထားတာ ဒါမှမဟုတ် မှားယွင်းတဲ့ နောက်ခံအဆက်အစပ်မှာ အသုံးပြုထားသလား ဆိုတာ စစ်ဆေးလို့ရပါတယ်။

YouTube ချန်နယ်ကို စစ်ဆေးပါ

တခါတလေ YouTube ဗီဒီယိုတစ်ခု ကြည့်တဲ့အချိန် သတင်းအချက်အလက် တင်ဆက်မှုက မှားယွင်းနေတယ်လို့ ခံစားရပါမယ်။ Twitter ဟာ YouTube လိုပဲ verify account တံဆိပ်ရှိပါတယ်။ သုံးစွဲသူက သတင်းမှန်၊ မမှန် စစ်ဆေးချင်ရင် ချန်နယ်ရဲ့ အသေးစိတ်ဖော်ပြချက်၊ အရွယ်အစားနဲ့ လူမှုကွန်ရက်လင့်ခ်တွေ ကြည့်လို့ရပါတယ်။

Phishing ဝက်ဘ်ဆိုက်ကို သတိထားပါ

တချို့ phishing ဝက်ဘ်ဆိုက်တွေက နာမည်ကျော်မီဒီယာ နာမည်နဲ့ ဆင်နိုင်ပြီး သတင်းမှားတွေ ထည့်သွင်းထားပါတယ်။ Phishing ဆိုတာကတော့ ပုံမှားရိုက်တဲ့ နည်းလမ်းတစ်ခုပါ။ အကောင်းဆုံး စစ်ဆေးနည်းကတော့ ဝက်ဘ်ဆိုက်လိပ်စာပဲ ဖြစ်ပါတယ်။ အသေးစိတ် ထပ်စစ်ဆေးမယ်ဆိုရင်တော့ Google မှာ ရှာဖွေသင့်ပါတယ်။

Google ရဲ့ Face Check Explorer အသုံးပြုခြင်း

Facet Check Explorer ကတော့ Google ကထုတ်လုပ်တဲ့ tool ဖြစ်ပါတယ်။ သတင်းဌာနက ဖော်ပြတဲ့ သတင်းမှန်၊ မမှန် စစ်ဆေးနိုင်ပါတယ်။ သုံးစွဲသူက သတင်းဆောင်းပါး ဒါမှမဟုတ် စုံစမ်းနေတဲ့ လူအကြောင်းကို ထည့်သွင်းနိုင်ပါတယ်။ အဲဒီအခါမှာ သတင်းက မှားယွင်း၊ တစ်ဝက်မှန် ဒါမှမဟုတ် လုံးဝ မှန်ကန်ကြောင်း အခြား အချက်အလက်စစ်ဆိုက်က စုံစမ်းစစ်ဆေးမှုအတိုင်း ပြပေးပါမယ်။

သတင်းတုရှာဖွေဖို့ အားစိုက်ခြင်း

သတင်းတစ်ပုဒ် ဖတ်မိပြီး စိတ်ထဲ သံသယရှိလာရင် နည်းလမ်းဟောင်းကို အသုံးပြုလို့ရပါတယ်။ အဲဒါကတော့ သတင်းအချက်အလက်တိုင်းကို စစ်ဆေးဖို့ Google search ကိုအသုံးပြုထားတာ ဖြစ်ပါတယ်။ Google search ကတော့ ရှာဖွေလိုက်တဲ့ သတင်းကို ဖော်ပြတဲ့ ဝက်ဘ်ဆိုက်တွေကို ဖော်ပြပေးပါမယ်။ ဒါ့အပြင် အချက်အလက် စစ်ဆေးတဲ့ ဝက်ဘ်ဆိုက်ကိုလည်း ညွှန်းပေးပြီး သတင်းအချက်အလက် မှားတယ်၊ မှန်တယ်ဆိုတာ ပြောပြပေးပါမယ်။

-စိုးထက်
Ref: Mashable

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««