COVID-19 တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေမယ့် CES ပြပွဲက နည်းပညာထုတ်ကုန်များ

ပြီးခဲ့တဲ့နှစ်က စတင်ပြီး ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဘဝနေထိုင်မှုတွေ ကပြောင်းကပြန် ဖြစ်ခဲ့ရပါတယ်။ အခုတစ်ပတ်မှာ စတင်ပြုလုပ်နေတဲ့ CES ပြပွဲမှာတော့ နည်းပညာကုမ္ပဏီတွေက COVID-19 တိုက်ဖျက်နိုင်ဖို့ နှာခေါင်းစည်း၊ ပိုးသတ်ဆေး၊ လေသန့်စင်စက်နဲ့ ထိတွေ့စရာမလိုတဲ့ နည်းပညာ စတဲ့ နည်းလမ်းပေါင်းများစွာကို ဆွေးနွေးနေပါတယ်။

ကုမ္ပဏီတွေက နည်းပညာတစ်ခုတည်းနဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ဖို့ ကြိုးစားတာ မဟုတ်ဘဲ new normal ဘဝနေထိုင်မှု အစိတ်အပိုင်းမှာ ပါဝင်တဲ့ ထုတ်ကုန်အမျိုးမျိုးကို စဉ်းစားနေပါတယ်။ Alarm.com ကုမ္ပဏီဆိုရင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ကူးစက်မှုကို လျှော့ချတဲ့အနေနဲ့ ထိတွေ့စရာမလိုတဲ့ Video Doorbell ဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် CES ပြပွဲမှာ လူထိတွေ့မှုများပြားတဲ့ ကော်ပိုရိတ်ရုံး၊ လက်လီစတိုး ဒါမှမဟုတ် စားသောက်ဆိုင်တွေမှာ ရောဂါမကူးစက်အောင် ခရမ်းလွန်ရောင်ခြည် ထုတ်လွှတ်တဲ့ စက်ရုပ်တွေလည်း ပြသပါတယ်။ စက်ရုပ်မှာ sensor တွေပါဝင်က လူ့ခန္ဓာကိုယ်ထဲက အဖျားကို ခြေရာခံဖို့ တိကျစွာ တိုင်းပေးပါတယ်။ ဒါ့အပြင် မိုက်ကရိုဖုန်း ပါဝင်တဲ့ နှာခေါင်းစည်းလည်း ရှိပြီး ဖုန်းတွေကို လက်ခံဖြေဆိုနိုင်ပါတယ်။ အဲဒီ ထုတ်ကုန်အမည်ကတော့ MaskFone ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ပေးမယ့် ထုတ်ကုန်သစ်တွေကတော့ ခေတ်သစ်မှာ အရေးပါလာပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံပေါင်းများစွာက ကျန်းမာရေးအရ lockdown လုပ်ကြပြီး ဝန်ထမ်းတွေ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့နဲ့ မိသားစုတွေ အိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။ လူအများစုကတော့ လမ်းညွှန်ချက်တွေ လိုက်နာကြဖို့ ဗီဒီယိုကွန်ဖရင့်၊ လူမှုကွန်ရက်နဲ့ messaging app တွေကိုပဲ အသုံးပြုကြပါတယ်။ လူတွေက ဗိုင်းရပ်စ် ကူးစက်မခံရအောင် သတိပေးမယ့် Apple နဲ့ Google software တွေကို အသုံးပြုကြပါတယ်။ အစိုးရတွေကလည်း ဝက်ဘ်ဆိုက်တွေ ထူထောင်ပြီး နေမကောင်းသူတွေကို ရှာဖွေကူညီကြဖို့ တိုက်တွန်းထားပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««