COVID-19 ဆောင်းပါး မဝေမျှခင်မှာ Facebook သတိပေးမယ်

Facebook ဟာ COVID-19 သတင်းမှား ဖြန့်ချိမှုကို တိုက်ဖျက်ဖို့ ဆောင်းပါး ဒါမှမဟုတ် အခြား လင့်ခ်တစ်ခုနဲ့ ပတ်သက်တဲ့ နောက်ခံအခြေအနေ ထောက်ပံ့ပေးမယ့် သတိပေးချက် မျက်နှာပြင်သစ်တစ်ခု ပါဝင်လာပါမယ်။

ဆောင်းပါးကို ပထမဆုံးအကြိမ် ဝေမျှတာနဲ့ ရင်းမြစ်တွေကိုလည်း ပြသပေးပါမယ်။

Facebook အနေနဲ့ သတင်းကို မဝေမျှခင်မှာ အကြောင်းအရာရင်းမြစ်နဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ နားလည်အောင် ကူညီပေးဖို့ပါ။ လူတွေက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအာဏာပိုင်က အားထားရတဲ့ COVID-19 သတင်းတွေကို စိတ်ချစွာဖတ်ဖို့ COVID-19 သတင်းအချက်အလက်စင်တာကို ကြီးကြပ်ပေးပါမယ်။ အခု လုပ်ဆောင်ချက်ကို platform ရဲ့ ရှိပြီးသားသတိပေးချက်မှာပဲ တည်ဆောက်ထားပါတယ်။

ဒါ့အပြင် ဇွန်လကလည်း လက်ရှိသတင်းတွေကို နားလည်မှုလွဲနိုင်တဲ့ သတင်းအဟောင်းပျံ့နှံ့မှုကိုလည်း လျှော့ချထားပါတယ်။

-စိုးထက်
Ref: TheVerge