COVID-19 စစ်ဆေးနိုင်တဲ့နေရာတွေကို Apple Maps ထည့်သွင်း

Apple ဟာ Maps app ထဲမှာ COVID-19 ရောဂါကို စမ်းသပ်နိုင်တဲ့ တည်နေရာတွေကို ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ Apple အနေနဲ့ အချက်အလက်အသေးစိတ်ကို ဝေမျှနိုင်ဖို့ portal တစ်ခုကို ဖန်တီးထားပြီး အချက်အလက်တွေကို အတည်ပြုစစ်ဆေးသွားပါမယ်။

9to5Mac ကစတင်တွေ့ရှိခဲ့တဲ့ စာမျက်နှာတစ်ခုမှာ Apple က COVID—19 စစ်ဆေးမှုနေရာ တည်နေရာသတင်းအချက်အလက်ကို ဖြည့်သွင်းဖို့ template ကို ကျန်းမာရေးဆိုင်ရာထောက်ပံ့သူ၊ ဓာတ်ခွဲခန်းတွေနဲ့ အခြားလုပ်ငန်းတွေကို တောင်းဆိုထားပါတယ်။ ရေးသွင်းလိုက်တဲ့ သတင်းအချက်အလက်ကို Apple ကစတင်စစ်ဆေးသွားကာ Apple Maps ထဲထည့်သွင်းမှာ ဖြစ်ပါတယ်။ စာမျက်နှာရဲ့ FAQ မှာတော့ Maps ထဲမှာ တည်နေရာတွေ ဘယ်တော့ပါဝင်မလဲဆိုတာ မဖော်ပြထားပါဘူး။

Apple ဟာ COVID-19 စစ်ဆေးမှုတည်နေရာအတွက် သတင်းအချက်အလက်ထည့်သွားမှာ ဖြစ်သလို Google နဲ့ပူးပေါင်းပြီး contact tracing နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီနည်းပညာကို ကျန်းမာရေးအာဏာပိုင်တွေအသုံးပြုနိုင်မှာပါ။ အခုနည်းပညာက မိုဘိုင်းဖုန်းကို အသုံးပြုပြီး ရောဂါကူးစက်ခံရသူနဲ့ နီးကပ်နေရင် သတိပေးသွားပါမယ်။

စိုးထက်
Ref: CNET