COVID-19 ခြေရာခံဖို့ စမတ်နာရီတွေ အထောက်အကူပေးနိုင်

စမတ်နာရီတွေ ဒါမှမဟုတ် စမတ်လက်ပတ်တွေက သုံးစွဲသူရဲ့ အသက်လက္ခဏာအတွက် အလွန်အရေးပါတဲ့ နှလုံးခုန်နှုန်း၊ အရေပြားအပူချိန်နဲ့ အခြား ဇီဝကမ္မဖြစ်သူတွေကို အဆက်မပြတ် တိုင်းတာပေးပါတယ်။ ဒါကြောင့် လူတစ်ယောက်ဆီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း စမ်းသပ်မှုပြုလုပ်ပြီး မသိရသေးခင်မှာ စမတ်နာရီက အချက်အလက်တွေနဲ့ တိုင်းတာဖို့ အထောက်အကူပေးနိုင်ပါတယ်။

ဆိုင်းနိုင်းတောင်ဆေးဘက်ဆိုင်ရာစင်တာက သုတေသနက “Warrior Watch” မှာတော့ Apple Watch ဟာ သုံးစွဲသူရဲ့ နှလုံးခုန်နှုန်း အပြောင်းအလဲကနေ ရောဂါလက္ခဏာမပြခင် ၇ ရက်အလိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ သိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ စစ်တမ်းထဲမှာတော့ နှလုံးခုန်နှုန်းပြောင်းလဲမှု (HRV) တိုင်းတာမှုကို ဆန်းစစ်ထားပါတယ်။ နှလုံးခုန်နှုန်းဟာ လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ကို ပြောင်းလဲနိုင်ပါတယ်။

စစ်တမ်းမှာ ပါဝင်ခဲ့တဲ့သူတွေဟာ အထူး app တွေနဲ့ Apple Watch ဝတ်ဆင်ထားပြီး HRV ပြောင်းလဲမှုကို တိုင်းတာခဲ့ပါတယ်။

NeuTigers လို့ခေါ်တဲ့ ကုမ္ပဏီကလည်း ကိုရိုနာဗိုင်းရပ်စ်ကို စောစောခြေရာခံနိုင်မယ့် စမတ်လက်ပတ်တစ်မျိုးကို ဖန်တီးနေပါသေးတယ်။

စိုးထက်

Ref: TechRadar