COVID-19 က ရာသီတုပ်ကွေးထက်အားပျော့’ ဆိုတဲ့ ဒေါ်နယ်ထရမ့်ပို့စ် Facebook ဖျက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ COVID-19 က ရာသီတုပ်ကွေးထက် အားပျော့ဆိုတဲ့ ပို့စ်ကို Facebook ကဖျက်လိုက်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် ဆေးရုံမှာ အနီးကပ်ကုသမှု ခံယူနေတာ ၃ ရက်ရှိပါပြီ။ သူက အမေရိကန်နိုင်ငံသားတွေ တုပ်ကွေးရာသီနဲ့ နေထိုင်တတ်အောင် အလေ့အကျင့် နေထိုင်သင့်ကြောင်း၊ COVID နဲ့နေထိုင်သလိုဖြစ်ကြောင်း၊ COVID က လူဦးရေအများစုအတွက် အားမပြင်းကြောင်း ရေးသားခဲ့ပါတယ်။

Twitter ကတော့ အဲဒီ message ကို မမြင်သာအောင် လုပ်လိုက်ပြီး အယူလွဲနိုင်တဲ့ သတင်းအချက်အလက်နဲ့ အန္တရာယ်ရှိ သတင်းအချက်အလက် ဖြန့်ချိမှုနဲ့ ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။ သုံးစွဲသူတွေက ထရမ့် tweet ကိုဖတ်ရှုဖို့ အဲဒီသတိပေးချက်ကို မြင်ရပါမယ်။

“ကျွန်တော်တို့က COVID-19 ပြင်းထန်မှုနဲ့ ပတ်သက်တဲ့ မမှန်မကန် အချက်အလက်ကို ဖယ်ရှားပါတယ်။ အခုတော့ ပို့စ်ကို ဖျက်လိုက်ပါပြီ” လို့ Facebook ပေါ်လစီမန်နေဂျာ အန်ဒီစတုန်းက ပြောခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်မှု အရေအတွက် အတိအကျကို မသိရသေးပေမယ့် တုပ်ကွေးထက် ဆယ်ဆများပြားနိုင်တယ်လို့ ဂျွန်ဟော့ကင်းက ဖော်ပြခဲ့ပါတယ်။

-စိုးထက်
Ref: BBC

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««