COVID-19 ကြောင့် ထိခိုက်မှုရှိမည့်လုပ်ငန်းများ လျော့နည်းစေရန် အတွက် Help Desk ဖွင့်လှစ်

COVID-19 ကြောင့် ထိခိုက်မှုရှိမယ့်လုပ်ငန်းများတွင် ထိခိုက်မှုလျော့နည်းသက်သာရေးအတွက် ချက်ချင်းအရေးယူ ဆောင်ရွက်ပးရမယ့်ကိစ္စများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေးအတွက် Myanmar International Trade Center မှာ Help Desk တစ်ခုကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ Help Desk မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အကြီးတန်းအရာရှိများ ပါဝင်ပြီး မတ် ၂၃ ရက်က စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Help Desk ဟာ ကုန်ကြမ်းပစ္စည်းများကို ပြည်တွင်းသို့ မြန်ဆန်သွက်လက်စွာ သယ်ယူကာ စက်ရုံများ ဆောလျင်စွာ လည်ပတ်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စများ၊ အလုပ်သမားရေးရာ ဆိုင်ရာ ကိစ္စများအပါအဝင် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးရမယ့်ကိစ္စများကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းညှိနှိုင်းဖြေရှင်းပေးတာတွေကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။

COVID-19 ကြောင့် လုပ်ငန်းများတွင် လတ်တလောမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများကို Help Desk သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ဖုန်း-၀၁-၃၈၅၃၂၃၊ ၃၈၅၃၃၁ ကို ဖုန်းဖြင့်ဖြစ်စေ [email protected] သို့ဖြစ်စေ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါတယ်။

-သန္တာ