COVID-19 ကာကွယ်ဆေး သတင်းမှားတွေ Facebook ပယ်ဖျက်

Facebook ဟာ အများပြည်သူ ကျန်းမာရေး ကျွမ်းကျင်သူတွေက COVID-19 ကာကွယ်ဆေး သတင်းမှားပြောဆိုမှုကို ပယ်ဖျက်လိုက်ပါတယ်။ အခုအချိန်မှာ အစိုးရတွေက ဗိုင်းရပ်စ်အတွက် ပထမဆုံး ကာကွယ်ဆေးကို ဖြန့်ဖို့ စီစဉ်နေပါတယ်။

Facebook က ကာကွယ်ဆေးက ဘယ်လောက်လုံခြုံပြီး ထိရောက်တယ် ဆိုတဲ့ ပြောကြားချက်တွေကို ဖယ်ရှားလိုက်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးမှာ ပါဝင်တဲ့ အရာနဲ့ ဘေးထွက်ဆိုးကျိုး အကြောင်းအရာကိုလည်း ပယ်ဖျက်လိုက်ပါတယ်။

“ဥပမာဆိုရရင် ကျွန်တော်တို့က COVID-19 ကာကွယ်ဆေးမှာ မိုက်ကရိုချစ်ပ်ပါဝင်တာလို့ ပြောတာ ဒါမှမဟုတ်ဘဲ တရားဝင်ကာကွယ်ဆေး ပါဝင်ပစ္စည်းထဲမှာ မပါတဲ့ အရာတွေ တင်မယ်ဆိုရင် ဖယ်ရှားထားပါတယ်” လို့ Facebook ကျန်းမာရေးအကြီးအကဲ Kang-Xing Jin က blog post မှာတင်ထားပါတယ်။

“ကျွန်တော်တို့က COVID-19 ကာကွယ်ဆေး ပူးပေါင်းကြံစည်မှုသီအိုရီ အကြောင်း ရေးသားထားတာကိုလည်း ဖယ်ရှားသွားပါမယ်။ လူဦးရေ အနည်းငယ်အတွက် ခွင့်ပြုချက်မရှိဘဲ ကာကွယ်ဆေး စမ်းသပ်နေတယ်ဆိုတဲ့ ကိစ္စတွေကလည်း မမှန်ကန်ပါဘူး”လို့ ပြောခဲ့ပါတယ်။

Facebook ကတော့ မတ်လနဲ့ အောက်တိုဘာလအတွင်း Facebook နဲ့ Instagram က post ၁၂ သန်းကျော် ဖယ်ရှားခဲ့ပါတယ်။

စိုးထက်

Ref: NPR