COVID-19 ကာကွယ်ဆေး ဖြန့်ချိမယ့် လမ်းကြောင်း ဟက်ကာတွေ လိုက်ရှာနေ

ဟက်ကာတွေက COVID-19 ကာကွယ်ဆေး သတင်းအချက်အလက်တွေ ခိုးယူဖို့ ကြိုးစားရုံမကဘဲ ကာကွယ်ဆေး ဖြန့်ချိမှုနဲ့ ထောက်ပံ့ရေးလမ်းကြောင်းနောက်ကိုလည်း လိုက်နေတယ်လို့ လုံခြုံရေးသုတေသီတွေက သတိပေးလိုက်ပါတယ်။

IBM ရဲ့ X-Force အဖွဲ့က သုတေသီတွေက ကမ္ဘာလုံးဆိုင်ရာ hacking ဆောင်ရွက်မှုတစ်ခုက ဂျာမနီ၊ အီတလီ၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်က အစိုးရကိုယ်စားလှယ်တွေ၊ နည်းပညာကုမ္ပဏီနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ပစ်မှတ်ထားနေတယ်လို့ ပြောထားပါတယ်။ ကုမ္ပဏီနဲ့ အေဂျင်စီတွေဟာ Cold Chain Equipment Optimization Platform နဲ့ချိတ်ဆက်ထားပြီး ကာကွယ်ဆေး ဖြန့်ချိရာမှာ အကူအညီရဖို့ ကာကွယ်ဆေးပူးပေါင်းရေး အဖွဲ့ Gavi နဲ့ အခြားအဖွဲ့အစည်းအပြင် UNICEF နဲ့လည်း ပူးပေါင်းထားပါတယ်။

ဟက်ကာတွေ တိုက်ခိုက်မှုက Haier Biomedical က အီးမေးလ်အယောင်ဆောင်ထားပါတယ်။ Haier Biomedical ကုမ္ပဏီက တရုတ်ကုမ္ပဏီဖြစ်ပြီး ကမ္ဘာကြီးရဲ့ တစ်ခုတည်း cold chain ထောက်ပံ့မှုဖြစ်ပါတယ်။ Cold chain ကတော့ Pfizer ရဲ့ COVID-19 ကာကွယ်ဆေး ဖြန့်ချိမှုထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းပါဝင်လာပါတယ်။ ကာကွယ်ဆေးကို အနုတ် ၇၀ ဒီဂရီ ဆယ်စီးယပ်မှာ ထားရှိရပါတယ်။

ဟက်ကာတွေရဲ့ အီးမေးလ်အတုမှာ အန္တရာယ်ရှိ attachment ပါဝင်ပြီး ဖိုင်ကြည့်ဖို့ password တောင်းခံပါတယ်။ ဟက်ကာတွေက အဲဒီ password ကိုခိုးယူသွားပါတယ်။ အဲဒီတိုက်ခိုက်မှုက အောင်မြင်မှု ရှိ၊ မရှိဆိုတာ မသိသေးပေမယ့် အနာဂတ်မှာ တိုက်ခိုက်မှုတွေ ပိုမိုစိတ်လာမယ်လို့ IBM သုတေသီတွေကပြောခဲ့ပါတယ်။

-စိုးထက်
Ref: CNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««