COVID-19 ကာကွယ်ဆေးစမ်းသပ်မှု ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိ

ယူကေက အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca တို့က ဖန်တီးနေတဲ့ COVID-19 ကာကွယ်ဆေး ပျှမ်းမျှ ထိရောက်မှုနှုန်းက ၇၀.၄ ရာခိုင်နှုန်း ရှိတယ်လို့ လတ်တလော လေ့လာဆန်းစစ်ချက်အရ သိရပါတယ်။

စမ်းသပ်မှုတွေမှာတော့ ကာကွယ်ဆေး ထိရောက်မှုက ဆေးပမာဏ ပေးသလောက် ကွဲပြားမှုရှိပါတယ်။ ကာကွယ်ဆေး နှစ်ခါကို တစ်လခြား ထိုးတဲ့အခါ ထိရောက်မှုနှုန်းက ၆၂ ရာခိုင်နှုန်း ရှိပေမယ့် ကာကွယ်ဆေးတစ်ဝက်ကို ပထမဆုံး စထိုးပြီး အပြည့်ထိုးချိန်မှာတော့ ထိရောက်မှုနှုန်းက ၉၀ ရာခိုင်နှုန်း တက်လာပါတယ်။

Pfizer နဲ့ BioNTech အပြင် Moderna တို့ဖန်တီးနေတဲ့ ရလဒ်အစောပိုင်း ထွက်လာအပြီး အခု ထုတ်ပြန်ချက် ထွက်လာပါတယ်။ သူတို့ဖန်တီးတဲ့ ကာကွယ်ဆေး ထိရောက်နှုန်းကတော့ ၉၅ ရာခိုင်နှုန်းထက် မြင့်မားပါတယ်။ BBC ဖော်ပြချက်အရ အောက်စဖို့ဒ် ကာကွယ်ဆေးက ဈေးပေါပြီး အလွယ်တကူ သိမ်းဆည်းနိုင်ပါတယ်။ ပုံမှန် အအေးခန်းအပူချိန်နဲ့ လက်ကိုင်ဘူးထဲ သယ်ယူသွားလို့ ရပါတယ်။

Pfizer ကာကွယ်ဆေးကတော့ အနုတ် ၇၀ ဒီဂရီ ဆဲလ်စီးယပ်မှာ သိုလှောင်ထားရပါတယ်။ အစားအသောက်နဲ့ ဆေးဝါးအဖွဲ့အစည်း (FDA) က COVID-19 ကာကွယ်ဆေးထောက်ခံချက်ရဖို့ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ထိရောက်မှုရှိရမယ်လို့ ပြောထားပါတယ်။

စိုးထက်

Ref: TheVerge