COVID-19 ကပ်ရောဂါအတွင်း Spider-Man: Into the Spider-Verse 2 ကို စတင်ဖန်တီး

Sony ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း နှောင့်နှေးနေတဲ့ ရုပ်ရှင်ထုတ်လုပ်မှုကာလမှာ Spider-Man: Into the Spider-Verse 2 ကိုစတင်ဖန်တီးနေပါတယ်။

Sony Imageworks ရဲ့ခေါင်းဆောင် animator ကွန်ဒိုက ၂၀၂၂ မှာ ထွက်ရှိမယ့် Spider-Man: Into the Spider-Verse 2 ကို စတင်လုပ်ကိုင်နေပြီလို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ကွန်ဒိုက tweet လုပ်ထားပါသေးတယ်။
Spider-Verse ရုပ်ရှင် ဒုတိယပိုင်းရိုက်ကူးမယ့်အကြောင်းကို နိုဝင်ဘာလက အတည်ပြုခဲ့ပြီး ၂၀၂၂၊ ဧပြီ ၈ ရက်မှာ ပြသမယ်လို့ ကြေညာခဲ့ပါတယ်။

ကပ်ရောဂါဖြစ်ပွားလာတာကြောင့် ရုံတင်ပြသမယ့်ရက်ကို ၂၀၂၂၊ အောက်တိုဘာ ၇ ရက်အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

စိုးထက်
Ref: CNET