COVID-19 ကပ်ရောဂါအတွင်း လျှို့ဝှက်ပါတီ စီစဉ်နိုင်တဲ့ iPhone app ကို Apple ဖြုတ်ချ

COVID-19 ကပ်ရောဂါကာလအတွင်း Vybe Together အမည်ရတဲ့ iOS app ကိုအသုံးပြုပြီး ပါတီတွေ စီစဉ်နိုင်တာကြောင့် Apple က App Store ကဖြုတ်ချလိုက်ပါတယ်။

Vybe Together ဟာ TikTok နဲ့အခြား အွန်လိုင်းဝန်ဆောင်မှုများစွာမှာ ဖယ်ကျဉ်ခံထားရပါတယ်။ Vybe Together ဟာ TikTok ပေါ်မှာ ငွေကောက်ခံပြီး ကိုယ်ပိုင် ဝက်ဘ်ဆိုက်ကိုတော့ တရားမဝင်ပါတီတွေ စုစည်းပြုလုပ်ပြီး တက်ရောက်နိုင်မယ့် နေရာအဖြစ် အသုံးပြုပါတယ်။ ပွဲစီစဉ်သူတွေက ပါတီတက်ရောက်မယ့် သူတွေကို ထောက်ခံပေးပါတယ်။ ပါတီသွားခွင့်ရသူတွေက ပွဲမစခင် ၂ နာရီအလိုမှာ လိပ်စာသိရပါမယ်။ အမေရိကန် ကပ်ရောဂါ ကာကွယ်ကန့်သတ်ရေးအောက်မှာ လူစုလူဝေး လုပ်တာအများစုက တရားမဝင်ပါဘူး။

ဒါကြောင့် Vybe Together app ကတော့ ခွင့်ပြုချက်မပေးခင်မှာ ပရိုဖိုင်တစ်ခု တောင်းခဲ့တာ ဖြစ်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««