COVID-19 ကပ်ရောဂါကြောင့် Google Pixel စမတ်ဖုန်းသစ် ထုတ်လုပ်မှု နည်းပါးနိုင်

Google ဟာ ဒီနှစ်အတွင်း Pixel 5 စမတ်ဖုန်းအလုံးရေ တစ်သန်းအောက်ပဲ ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေက Nikkei Asia ကိုပြောခဲ့ပါတယ်။

Pixel 5 စမတ်ဖုန်း အလုံးရေ ၈၀၀,၀၀၀ လောက်ပဲ ထုတ်ဖြစ်မယ်လို့ လည်း သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။ Google ဟာ Pixel 4A ကိုမိတ်ဆက်ခဲ့ပြီးနောက်မှာ Pixel 4A (5G) ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

Google ဟာ ဖုန်း ၃ မျိုးအတွက် အလုံးရေ ၃ သန်းလောက်ပဲ ထုတ်လုပ်ဖွယ်ရှိပါတယ်။

မနှစ်က Google ရဲ့ဟန်းဆက်ရောင်းအားက သတ်မှတ်ချက်အောက် ကျဆင်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဈေးကွက်ဝယ်လိုအားလည်း ကျဆင်းနေပါတယ်။

-စိုးထက်
Ref: NikkeiAsia

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««