COVID-19 ကပ်ရောဂါကာလ သတင်းအတတ်ပညာ အွန်လိုင်းသင်တန်း အခမဲ့သင်ကြားပေးမည်

ယခုအချိန်ထိ ဖြစ်ပွားလျက်ရှိတဲ့ COVID-19 ကပ်ရောဂါအကြောင်းကို တင်ဆက်နေကြတဲ့ သတင်းသမားတွေအတွက် “Journalism in the time of COVID-19 Online Training” COVID-19 ကပ်ရောဂါကာလ သတင်းအတတ်ပညာ အွန်လိုင်းသင်တန်းကို Myanmar Journalism Institute- MJI က ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ ယခုသင်တန်းကို IMS-Fojo ,DW Akademie နဲ့ MJI တို့က ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ သင်တန်းကြေး အခမဲ့ဖြစ်ပြီး သင်တန်းကာလအတွင်း အသုံးပြုမယ့် အင်တာနက်သုံးစွဲမှု ကုန်ကျငွေများကိုလည်း MJI က ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းမှာ COVID-19 ကပ်ရောဂါကာလအတွင်း လုံခြုံစွာ သတင်းတင်ဆက်ပေးပို့နည်း၊ COVID-19 နဲ့ ဆက်စပ်တဲ့ သတင်းစိတ်ကူးစိတ်သန်းများ၊ သတင်းနှင့် ဓာတ်ပုံအချက်အလက်များ အတုအစစ် ဆန်းစစ်ခြင်း၊ မှန်ကန်သည့် သတင်းအရင်းအမြစ်ရွေးချယ်ခြင်း စတဲ့ အကြောင်းအရာတွေကို သင်ကြားပို့ချပေးသွားမယ့်အပြင် သတင်းသမားများ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

အွန်လိုင်းသင်တန်းဖြစ်ပြီး Zoom Meeting application ကို အသုံးပြု ပို့ချမှာဖြစ်တဲ့အတွက် ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်း တစ်မျိုးမျိုးရှိသူ မည်သူမဆို သင်ယူနိုင်မှာဖြစ်ပါတယ်။

သင်တန်းပို့ချမယ့်ရက်တွေကတော့ ဧပြီ ၂၇ ရက်၊ ၂၉ ရက်၊ မတ် ၁ ရက်၊ ၆ ရက်၊ ၈ ရက်၊ ၁၁ ရက်၊ ၁၃ ရက်၊ ၁၅ ရက်၊ ၁၈ ရက်၊ ၂၀ ရက်၊ ၂၂ ရက်တွေဖြစ်ပြီး သင်တန်းတစ်ခုလျှင် တစ်ရက်တာသင်တန်းအဖြစ် သင်ကြားချိန် ၆ နာရီဝန်းကျင် ကြာမြင့်မယ်လို့သိရပါတယ်။ သင်တန်းတစ်ခုကို သင်တန်းသားဦးရေ ၆ ဦး လက်ခံသွားမှာဖြစ်ပြီး သင်တန်းစုစုပေါင်း အခု ၂၀ ဝန်းကျင် ပြုလုပ်သွားဖြစ်တဲ့အတွက် အထက်ပါသင်တန်းရက်များထဲမှ မိမိအဆင်ပြေရာ သင်တန်းရက်ကို ရွေးချယ်လျှောက်ထားတက်ရောက်နိုင်မှာပါ။

ရန်ကုန်နဲ့ နယ်မှ လုပ်သက်နည်းဆုံး တစ်နှစ်ရှိတဲ့ သတင်းထောက်များ သင်တန်းလျှောက်ထားနိုင်ပြီး သင်တန်းလျှောက်လွှာမှာ မိမိတက်ရောက်လိုတဲ့ သင်တန်းရက်ကို တစ်ပါတည်း တွဲလျှောက်ပေးဖို့နဲ့ ဧပြီ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမယ်လို့ သိရပါတယ်။

သင်တန်းလျှောက်ထားလိုသူတွေအနေနဲ့ https://forms.gle/Hc2os3EAdCHRfpiu5 ဖော်ပြပါ Link ကတစ်ဆင့်လျှောက်ထားနိုင်ပြီး သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက [email protected] နဲ့ ဖုန်း 09971124450, 09 954 247597 တို့ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

အင်တာနက်ဂျာနယ်က နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက အိုင်တီ၊ မိုဘိုင်းနည်းပညာနဲ့ ပတ်သက်တဲ့ သတင်းတွေကို Viber မှာ ဖတ်ချင်ရင်တော့ ဒီနေရာ လေးကို နှိပ်လိုက်နော်…