COVID ကူးစက်မှုကို ခြေရာခံနိုင်မယ့် စနစ်ကို Apple နဲ့ Google ထည့်သွင်း

Apple နဲ့ Google ဟာ ကိုယ်ပိုင် contact tracing app တွေကို ထည့်သွင်းပြီး COVID ကူးစက်မှုကို ခြေရာခံနိုင်မယ့် စနစ်ကို အသစ်ဖြန့်ချိထားတဲ့ software framework မှာထည့်သွင်ထားပါတယ်။ အခုစနစ်သစ်ကြောင့် အများပြည်သူဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက COVID ကူးစက်ရောဂါ ခြေရာခံဖို့ သီးသန့် တည်ဆောက်ဖို့ အချိန်နဲ့ လူအားသက်သာပါတယ်။ Apple နဲ့ Google ရဲ့ framework အသစ်က ရှိပြီးသား app တွေအပေါ် မထိခိုက်ပါဘူး။

“ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ စီမံကိန်း နောက်ထပ်ခြေလှမ်းကတော့ အများပြည်သူကျန်းမာရေး အာဏာပိုင်က Exposure Notifications အသုံးပြုလာနိုင်တာနဲ့ app တစ်ခုကို တည်ဆောက်၊ ထိန်းသိမ်းစရာမလိုဘဲ Exposure Notifications System ကို အလွယ်တကူ အသုံးပြုလာနိုင်ပါမယ်။ Exposure Notifications Express က စီမံကိန်းရဲ့ သုံးစွဲသူလုံခြုံရေး ယုံကြည်မှုကို မထိခိုက်စေဘဲ နည်းပညာနဲ့ contact tracing operation တွေကို ဖြည့်စွက် အသုံးပြုနိုင်အောင် ထောက်ပံ့ပါတယ်။

Apple နဲ့ Google က Exposure Notification စနစ်ဟာ ပထမဆုံး ဧပြီလမှာ မိတ်ဆက်ခဲ့ပြီး ဒေသတွင်း အများပြည်သူဆိုင်ရာ ကျန်းမာရေးဌာနတွေက app ကိုပဲ တည်ဆောက်မှု ပြုလုပ်ကာ အသုံးပြုနိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ Apple နဲ့ Google ကတော့ သတိပေးချက်ဝေမျှမှု လုံခြုံရေးနဲ့ နည်းပညာဆုံမှတ်တွေကို သေချာအောင် ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်က ပြည်နယ် ၂၅ ခုက app စနစ်ကို စူးစမ်းနေပြီး စီမံကိန်း ၆ ခုပဲ ထွက်ပါသေးတယ်။

Exposure Notification စနစ်ဟာ အင်္ဂါနေ့ မှာဖြန့်ထားတဲ့ iOS 13.7 အတွင်း ပါဝင်လာပါတယ်။ Android ကလည်း ဒီလနှောင်းပိုင်းအတွင်း Android 6.0 နဲ့အထက်အတွက် သုံးစွဲသူအားလုံးဆီ ဖြန့်ချိဖို့ စီစဉ်နေပါတယ်။

စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက  တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««