Covid ကာလအတွင်း မြန်မာနိုင်ငံတွင် Zoom, Skype, Google Hangouts app များ လူသုံးအများဆုံးဖြစ်ဟု တယ်လီနောထုတ်ပြန်

မတ်လ ၁ ရက်မှ ဧပြီ ၁၉ ရက်အတွင်း တယ်လီနောကွန်ရက်တွင် ဗီဒီယိုဖြင့်ပြုလုပ်တဲ့ အစည်းအဝေးတွေ ပြုလုပ်မှုကို Zoom တွင် ၁၃၇၃ ရာခိုင်နှုန်း၊ Skype တွင် ၂၄၅ ရာခိုင်နှုန်းနှင့် Google Hangouts တွင် ၂၅ ရာခိုင်နှုန်း အသီးသီး အသုံးပြုမှုရှိခဲ့ကြပြီး ၎င်းအက်ပလီကေးရှင်းတွေဟာ မြန်မာနိုင်ငံအတွင်း လူသုံးအများဆုံး ဖြစ်ခဲ့တယ်လို့ တယ်လီနောရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဗီဒီယိုတိုက်ရိုက်ကြည့်ရှုမှုကလည်း ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး အထူးသဖြင့် သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက် အတွင်း ပိုမိုမြင့်တက်ခဲ့တယ်လို့ ထုန်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုမှုနှုန်းက ၄၀% တိုးတက်လာပြီး အက်ပလီကေးရှင်းအားဖြင့် Facebook အနေနဲ့ ၈၇ ရာခိုင်နှုန်း၊ Netflix ၄၈ ရာခိုင်နှုန်း၊ Tiktok ၃၆ ရာခိုင်နှုန်း နဲ့ YouTube ၁၇ ရာခိုင်နှုန်းရှိပြီး အင်တာနက်မှ ဖုန်းခေါ်ဆိုခြင်းမှအပ လူမှုကွန်ရက်အသုံးပြုမှုနှုန်း (SMS) နဲ့ အွန်လိုင်းအခြေ ပြုတိုက်ရိုက် စာတိုပေးပို့ခြင်းတွေလည်း ပိုမိုများပြား ခဲ့တယ်လို့သိရပါတယ်။

မတ် ၁ ရက် မှ ဧပြီ ၁၉ ရက်အတွင်း တယ်လီနောကွန်ရက်အသုံးပြုကာ စာတိုပေးပို့မှုပေါင်း ၅.၅ သန်း ရှိခဲ့ပြီး အဆိုပါပမာဏက ပုံမှန်ထက် ၂.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Covid 19 ကပ်ရောဂါကြောင့် သန်းပေါင်းများစွာသော မိုဘိုင်းဝန်ဆောင်မှု အသုံးပြုသူတွေဟာ သတင်းအချက်အလက် ရှာဖွေဖို့၊ ဖျော်‌ဖြေအနားယူဖို့နဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုအချင်းချင်း ဆက်သွယ်ဖို့ အင်တာနက်ကို ပိုမိုအသုံးပြုတဲ့အတွက် တယ်လီနော မြန်မာရဲ့ ကွန်ရက်အသုံးပြုမှုနှုန်းလည်း ၂၇% တိုးတက်ခဲ့တယ်လို့သိရပါတယ်။

-ရဲထွဋ်ဝင်း

အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . . .