Covid ကာကွယ်ဆေး လျှို့ဝှက်ချက် ခိုးယူဖို့ ဟက်ကာတွေ ကြိုးစား

အစိုးရက ထောက်ပံ့ထားတဲ့ တရုတ်၊ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယား ဟက်ကာတွေက ကာကွယ်ဆေးလျှို့ဝှက်ချက် ခိုးယူဖို့ ကြံစည်နေပါတယ်။ ဒါဟာ ဉာဏပစ္စည်းဆိုင်ရာ စစ်ပွဲတစ်ခုလို့ လုံခြုံရေးသုတေသီက ဖော်ပြခဲ့ပါတယ်။

ဟက်ကာတွေက ကာကွယ်ဆေး စစ်ဆေးမှုရလဒ်တွေကို ယူဖို့ ကြိုးစားနေပါတယ်။ ကာကွယ်ဆေးထုတ်လုပ်မှု အချက်အလက်တွေကို ရယူလိုနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ အခုအချိန်မှာ ကာကွယ်ဆေး ထုတ်လုပ်တဲ့အထိ အများပြည်သူဆီ ထုတ်ပြန်မှုကို ပိတ်ထားပါတယ်။

အရင်တုန်းကတော့ ဟက်ကာတွေရဲ့ ရည်ရွယ်ချက်က ကာကွယ်ဆေးထုတ်လုပ်မှုနောက်ကွယ် လျှို့ဝှက်ချက် ရယယူဖို့ပါပဲ။ ဟက်ကာတွေက ကမ္ဘာတစ်ဝန်းက ဆေးကုမ္ပဏီ ရာပေါင်းများစွာ၊ သုတေသနဓာတ်ခွဲနဲ့ ကျန်းမာရေးဌာနတွေကို ပစ်မှတ်ထား တိုက်ခိုက်ထားပါတယ်။

အနောက်တိုင်း ထောက်လှမ်းရေးအေဂျင်စီကလည်း ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုန်းကန်နေရပါတယ်။ ဗြိတိန်ရဲ့ အမျိုးသားဆိုက်ဘာလုံခြုံရေးဆိုက်ဘာက အရေးပါတဲ့ ဥစ္စာပစ္စည်းတွေ ကာကွယ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ အများပြည်သူအတွက် အရေးပါတဲ့ အစိတ်အပိုင်း နည်းနည်းကိုပဲ ကာကွယ်နိုင်စွမ်းရှိပါတယ်။

-စိုးထက်
Ref: TheGuardian

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««