Coventry University ၏ Top Up Bachelor Business & IT Programmes များကို IELTS မလိုဘဲ လျှောက်ထားနိုင်မည်

HND / NCC / ABE (UK)Level (5) ပြီးထားသူတိုင်း Coventry University (UK) ၏ Top Up Bachelor Business & IT Programmes များကို IELTS မလိုဘဲ MSI မှ လျှောက်ထားပေးသွားမယ်လို့ သိရပါတယ်။

IELTS ကင်းလွတ်ခွင့်ရရန် မိမိတက်ရောက်ခဲ့တဲ့ သင်တန်းကျောင်းမှ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ယူထား ကြောင်း ထောက်ခံစာ MOI Letter ပြင်ဆင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ PSB Academy, Singapore မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ကျောင်းဖွင့်ချိန် အတွက် HND (UK) Level 5 ပြီးထားသူများသည် Coventry University (UK) ရဲ့ ဘွဲ့ဒီဂရီတန်း များကို စာသင်ကာလ ၁၆ လဖြင့် IELTS မလိုဘဲ တက်ရောက်နိုင်ပါတယ် ။ Coventry University, UK မှ တိုက်ရိုက်ချီးမြှင့်တဲ့ ဘွဲ့လက်မှတ်ကို ရရှိမှာဖြစ်ပြီး MSI Overseas Education မှ ကျောင်းလျှောက် ထားပါက Study Grant အနေနဲ့ စင်ကာပူဒေါ်လာ ၂၀၀၀ ကို ပေးအပ်ချီးမြှင့်သွားမှာပါ။

၁၀၀ ရာခိုင်နှုန်း Online Learning နဲ့ သင်ကြားပေးမှာ ဖြစ်လို့ ကျောင်းသား/သူများ အနေနဲ့ သင်ခန်းစာများကို သင်ယူဖို့ တိတ်ဆိတ်တဲ့နေရာ၊ Laptop , Internet Assessment , Laptop နဲ့ တွဲဖက်အသုံးပြုမယ့် Headphone ပြင်ဆင်ထားဖို့ လိုအပ်မယ်လို့ သိရပါတယ် ။ စင်ကာပူနိုင်ငံမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား/သူများနှင့် တူညီသော Coventry University (UK) မှ တိုက်ရိုက်ပေးအပ်တဲ့ ဘွဲ့လက်မှတ်ကို ရရှိမှာဖြစ်ပြီး တူညီသော သင်ကြားမှုပုံစံများ၊ တူညီသော ကထိကများနဲ့ Course Materials များဖြင့် သင်ကြားပေးမှာ ဖြစ်လို့ ယခုလို ပြင်ပထွက်ခွာဖို့ ခက်ခဲနေတဲ့ Covid ကာလအတွင်း အထူးတက်ရောက်သင့်တဲ့ Program တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ MSI Overseas Education ဖုန်း – ၀၉၅၁၀၃၉၁၅ နဲ့ ၀၉၄၂၀၀၃၇၆၁၆ ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««