Coursera ၏ Workforce recovery Initiative Program အရ ဘာသာရပ် ၄၀၀ ကျော်မှ သင်ခန်းစာပေါင်း ၃၈၀၀ ကျော်ကို အခမဲ့တက်ရောက်နိုင်မည်

Coursera ရဲ့ Workforce recovery Initiative Program အရ၊ မြန်မာနိုင်ငံမှ သင်တန်းသားတွေအနေနဲ့ ဘာသာရပ် ၄၀၀ ကျော်မှ သင်ခန်းစာပေါင်း ၃၈၀၀ ကျော်အတွက် သင်တန်းတက်ရောက်ရန် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားကာ စာရင်းသွင်းရမှာ ဖြစ်ပြီး သင်တန်းတွေကို ဒီဇင်ဘာ ၃၁ ရက်အထိ အခမဲ့ တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

ကိုဗစ်ကာလအတွင်း အလုပ်အကိုင် ဆုံးရှုံးခဲ့သူတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကို ရှာဖွေနေသူများအတွက် ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေးကော်မတီနဲ့ ကမ္ဘာ့ထိပ်တန်း အွန်လိုင်း ပညာရေးပလက်ဖောင်း Coursera ရဲ့သင်ခန်းစာတွေကို အခမဲ့ သင်ယူခွင့်ရမယ့် အခွင့်အရေးဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/34kw7CM မှတစ်ဆင့် Register ပြုလုပ်ပေးရမှာဖြစ်ပြီး Coursera ရဲ့ Program မှာ တက်ရောက်ရန်ဖိတ်ခေါ်တဲ့ email ကိုတော့ ဖောင်မှာဖြည့်စွက်ပေးထားတဲ့ အီးမေးလ်ကို ပြန်လည်ပေးပို့ပေးမှာ ဖြစ်ပါတယ် ။ အီးမေးလ်မှ တစ်ဆင့် ဝင်ရောက်ကာ Coursera အကောင့်တစ်ခုဖွင့်လှစ်ရမှာဖြစ်ပြီး၊ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားကာ တက်ရောက်လိုတဲ့ သင်တန်းကို စာရင်းသွင်းရမှာ ဖြစ်ပါတယ်။
သင်တန်းအောင်မြင်ပြီးစီးပါက Certificate ရရှိမှာဖြစ်ပြီး သင်တန်းတွေကို မိုဘိုင်းဖုန်းအသုံးပြု၍ သင်ယူနိုင်မယ်လို့ သိရပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««