Cortana နဲ႔ bot ေတြကုိ လူသားဆန္ေအာင္ ျပဳလုပ္ရန္ AI ကုမၸဏီတစ္ခုကို ဝယ္ယူလိုက္တဲ့ Microsoft

[ Zawgyi ]

Microsoft ဟာ Cortana လိုမ်ိဳး intelligent assistant ေတြနဲ႔ bot ေတြကို လူသားေတြလိုမ်ိဳး တု႔ံျပန္ႏိုင္ေအာင္ျပဳလုပ္ရန္အတြက္ AI startup ကုမၸဏီ Semantic Machines ကို ဝယ္ယူခဲ့ပါတယ္။

Semantic Machines ကို ၂၀၁၄ ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး ေမးျမန္းစုံစမ္းမႈေတြကုိ သဘာဝက်ေအာင္ တုံ႔ျပန္ႏိုင္ေစမယ့္ bot ေတြကို ဖန္တီးဖို႔ machine learning ကို အသုံးျပဳထားပါတယ္။ Semantic Machines ကို UC Berkeley ပ႐ိုဆက္ဆာ ဒန္ကလိန္းနဲ႔ Apple ရဲ႕ေျပာစကားနဲ႔သက္ဆုိင္တဲ့ အႀကီးအကဲေဟာင္း သိပၸံပညာရွင္ လယ္ရီဂီလစ္တို႔က ဦးေဆာင္ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္စလုံးဟာ အျပန္အလွန္ေျပာစကား AI က႑မွာ ေရွ႕ေဆာင္တီထြင္သူေတြအျဖစ္ သတ္မွတ္ခံထားရပါတယ္။

Microsoft ရဲ႕ဝယ္ယူမႈဟာ ကုမၸဏီရဲ႕ Cortana digital assistant နဲ႔ developer ၃၀၀,၀၀၀ အသုံးျပဳေနတဲ့ Azure Bot Service ကုိလည္း အေထာက္အပံ့ေပးႏိုင္မွာ ျဖစ္ပါတယ္။ Microsoft အေနနဲ႔ Cortana မွာ လူသားအသံကို အသုံးျပဳထားၿပီး ျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ Cortana အသံအတြက္ အသံသ႐ုပ္ေဆာင္ ဂ်န္ေတလာနဲ႔ မ်က္လုံးလိုမ်ိဳး အျမင္ပုိင္းဆိုင္ရာအတြက္ Halodeveloper 343 Industries နဲ႔ Microsoft တုိ႔ နီးနီးကပ္ကပ္ ေဆာင္ရြက္ခဲ့ပါတယ္။

“Semantic Machines ဝယ္ယူမႈနဲ႔အတူ ကၽြန္ေတာ္တို႔ဟာ language interface ေတြရဲ႕ ျဖစ္ႏိုင္ေျခ နယ္နိမိတ္ေတြထိုးေဖာက္ဖို႔ ဘာကေလအတြင္းမွာ အျပန္အလွန္စကားေျပာဆိုမႈ AI စင္တာကို အေျခခ်သြားမွာ ျဖစ္ပါတယ္” လို႔ Microsoft AI & Research နည္းပညာအရာရွိအႀကီးအကဲ ေဒးဗစ္ကူက ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

စုိးထက္
Ref: TheVerge

=============

[ Unicode ]

Cortana နဲ့ bot တွေကို လူသားဆန်အောင် ပြုလုပ်ရန် AI ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်တဲ့ Microsoft

=============

Microsoft ဟာ Cortana လိုမျိုး intelligent assistant တွေနဲ့ bot တွေကို လူသားတွေလိုမျိုး တု့ံပြန်နိုင်အောင်ပြုလုပ်ရန်အတွက် AI startup ကုမ္ပဏီ Semantic Machines ကို ဝယ်ယူခဲ့ပါတယ်။

Semantic Machines ကို ၂၀၁၄ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး မေးမြန်းစုံစမ်းမှုတွေကို သဘာဝကျအောင် တုံ့ပြန်နိုင်စေမယ့် bot တွေကို ဖန်တီးဖို့ machine learning ကို အသုံးပြုထားပါတယ်။ Semantic Machines ကို UC Berkeley ပရိုဆက်ဆာ ဒန်ကလိန်းနဲ့ Apple ရဲ့ပြောစကားနဲ့သက်ဆိုင်တဲ့ အကြီးအကဲဟောင်း သိပ္ပံပညာရှင် လယ်ရီဂီလစ်တို့က ဦးဆောင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အပြန်အလှန်ပြောစကား AI ကဏ္ဍမှာ ရှေ့ဆောင်တီထွင်သူတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

Microsoft ရဲ့ဝယ်ယူမှုဟာ ကုမ္ပဏီရဲ့ Cortana digital assistant နဲ့ developer ၃၀၀,၀၀၀ အသုံးပြုနေတဲ့ Azure Bot Service ကိုလည်း အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ Microsoft အနေနဲ့ Cortana မှာ လူသားအသံကို အသုံးပြုထားပြီး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Cortana အသံအတွက် အသံသရုပ်ဆောင် ဂျန်တေလာနဲ့ မျက်လုံးလိုမျိုး အမြင်ပိုင်းဆိုင်ရာအတွက် Halodeveloper 343 Industries နဲ့ Microsoft တို့ နီးနီးကပ်ကပ် ဆောင်ရွက်ခဲ့ပါတယ်။

“Semantic Machines ဝယ်ယူမှုနဲ့အတူ ကျွန်တော်တို့ဟာ language interface တွေရဲ့ ဖြစ်နိုင်ခြေ နယ်နိမိတ်တွေထိုးဖောက်ဖို့ ဘာကလေအတွင်းမှာ အပြန်အလှန်စကားပြောဆိုမှု AI စင်တာကို အခြေချသွားမှာ ဖြစ်ပါတယ်” လို့ Microsoft AI & Research နည်းပညာအရာရှိအကြီးအကဲ ဒေးဗစ်ကူက ရှင်းလင်းပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: TheVerge