Copyright and Contracts Webinar: Episode 3 ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်မည်

စာပေမူပိုင်ခွင့်ဆိုင်ရာစုပါင်းစီမံခန့်ခွဲတဲ့ အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီက စာပေမူပိုင်ခွင့်နဲ့ နည်းပညာ ဆိုင်ရာတွေကို အများပြည်သူများ သိရှိစေဖို့အတွက် စာပေအနုပညာမူပိုင်ခွင့်နှင့်စာချုပ်များအသိပညာပေးဆွေးနွေးပွဲ အပိုင်း (၃) ( Copyright and Contracts Webinar: Episode 3) ခေါင်းစဉ်နဲ့ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ (၂၇-၁၂-၂၀၂၀) ည ၇ နာရီမှာ Zoom Video Conferencing စနစ် အသုံးပြုပြီး ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

Copyright Webinar ကို https://fb.me/e/g6tkgP4YW မှတစ်ဆင့် Live ကြည့်ရှုပြီး သိရှိလိုတဲ့ အချက်အလက်တွေကို Comment Section မှတစ်ဆင့် မေးခွန်းများ ရိုက်ထည့်ကာ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ Zoom Meeting ထဲကနေ တိုက်ရိုက် ဝင်ရောက် နားထောင်လိုသူတွေ အနေနဲ့ ကြိုတင် မှတ်ပုံတင်ဖို့လိုအပ်ပြီး စကားဝိုင်းအတွက် သိလိုတဲ့ မေးခွန်းတွေကိုလည်း Zoom မှတ်ပုံတင်လွှာမှာ ကြိုတင် ပေးပို့ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Zoom Meeting ကနေတစ်ဆင့် တက်ရောက်ဖို့အတွက် http://bit.ly/cmowebinar3 ကနေတစ်ဆင့် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဆရာချစ်ဦးညိုက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဦးမျိုးအောင်က “စာပေအနုပညာမူပိုင်ခွင့်နှင့်စာချုပ်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် စာချုပ်များဆိုင်ရာ စကားဝိုင်းဆွေးနွေးခြင်း နှင့် အမေးအဖြေကဏ္ဍတို့ဖြင့်‌ ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««