Cookie Android TV Box

မြန်မာနိုင်ငံမှာ ပထမဆုံး Google ကအသိအမှတ်ပြုတဲ့ Cookie android TV Box ဖြစ်ပါတယ်။ YouTube နဲ့ အခြား Channel တွေကို ကြည့်နိုင်တဲ့အပြင် Playstore ပါတဲ့အတွက် လိုအပ်တဲ့ application တွေကိုလည်း Download ရယူနိုင်ပါတယ်။ ကလေးရော လူကြီးပါ နှစ်သက်မယ့် Channel များစွာ ပါဝင်ပါတယ်။ စက်ဝယ်တဲ့သူတိုင်း Cookie App ကို တစ်လ အခမဲ့ သုံးခွင့်ရမယ့်အပြင် Channel ပေါင်းများစွာ၊ အခမဲ့ရုပ်ရှင်ပေါင်းများစွာ ပါတဲ့ Cookie Premium Plan ကိုလည်း တစ်လ FREE ရရှိနိုင်မှာပါ။ TV နဲ့ ချိတ်ဆက်မှုပိုင်းမှာလည်း HDMI ကြိုးတပ်ပြီး Wifi ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ Remote ကတစ်ဆင့် အသံထွက်နဲ့ရှာဖွေလို့ရတဲ့ Voice commend လည်း ပါဝင်ပါတယ်။ Cookie App ထဲကနေ Movie တွေ Series တွေကြည့်မယ် ဆိုရင်တော့ မြန်မာစာတန်းထိုး တစ်ခါတည်း ပါဝင်ပြီးဖြစ်ပါတယ်။ HBO က Westworld Series , Game Of Throne ,Netflix က Stranger Things နဲ့ Witcher Series တွေကို အရည်အသွေးကောင်းကောင်းနဲ့ ကြည့်နိုင်မှာပါ။ တခြား Channel တွေဖြစ်တဲ့ Netflix, HBO, National Geographic, tvN, MTV ကဲ့သို့ Entertainment Channel တွေနဲ့ BBC , CNN တို့လို နိုင်ငံတကာသတင်း channel တွေကိုပါ ကြည့်နိုင်မှာ ဖြစ်တဲ့အပြင် ကလေးတွေအတွက်လည်း Cartoon Network, Baby TV နဲ့ Dream Works Channel တို့လို ကာတွန်းကားတွေ အဆက်မပြတ်လာနေတဲ့ Channel တွေကိုပါကြည့်နိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးက ၇၅,၀၀၀ ကျပ် ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း – (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း – ၀၉ ၄၂၂၂၉၄၈၈၄ နဲ့ ၃၄၆၀၃၈၈၈၄ တို့မှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ