“Connection, Glory, Future” ခေါင်းစဉ်ဖြင့် ၂၀၁၉-၂၀၂၀ Huawei Asia Pacific ICT ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့

“Connection, Glory, Future” ခေါင်းစဉ်နဲ့ ၂၀၁၉-၂၀၂၀ Huawei Asia Pacific ICT ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒေသဆိုင်ရာဖိုင်နယ်လ်ပွဲစဉ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ Institut Teknologi Bandung (ITB) က Network နဲ့ Cloud ဘာသာရပ်နှစ်ခုစလုံးကို ချန်ပီယံများအဖြစ် အနိုင်ရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဖိုင်နယ်မှာ အာရှပစိဖိတ် ဒေသကို ကိုယ်စားပြုမယ်လို့ သိရပါတယ်။

“ဒီနေ့နဲ့ မနက်ဖြန်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တွေ အတွက် ICT နဲ့ Engineering အရည်အသွေးပြည့်တဲ့ ICT engineering ထူးချွန်သူတွေ မွေးထုတ်နိုင်ဖို့ ကျွန်တော်တို့ရဲ့ စီးပွားရေးမိတ်ဖက်တွေ၊ Customer တွေနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး ပူးပေါင်းပြီး ICT Talent Ecosystem ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်” လို့ Huawei အာရှပစိဖိတ်စီးပွားရေးလုပ်ငန်းအုပ်စု ဥက္ကဋ္ဌ ဖြစ်သူ Tony Cao ကပြောကြားခဲ့ပါတယ်။

ယခုနှစ်တွင် အာရှပစိဖိတ်ဒေသရှိ Huawei ICT ပြိုင်ပွဲရဲ့ Network နဲ့ Cloud နည်းပညာဆိုင်ရာ ဘာသာရပ်နှစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ရန်အတွက် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ အစရှိတဲ့ နိုင်ငံခြောက်နိုင်ငံမှ ICT သင်တန်းကျောင်း ၆၅ ခုမှ သင်တန်းသား ၄၀၅၁ ဦးကို ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။

Huawei အနေနဲ့ Huawei ICT Academy နဲ့ အခြားသော ပရိုဂရမ်များမှတစ်ဆင့် လာမယ့် ငါးနှစ်ကျော်ကာလ အတွင်း အာရှပစိဖိတ်ဒေသမှာ အိုင်စီတီပညာရှင်ပေါင်း အနည်းဆုံး ၂၀၀,၀၀၀ ထွက်ပေါ်လာစေရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««