Comviva က cloud အခြေပြု mobiquity® Pay နည်းပညာကို မြန်မာနိုင်ငံတွင် မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း ဒစ်ဂျစ်တယ်ဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်လျက်ရှိတဲ့ Comviva မှ ဒစ်ဂျစ်တယ်ပိုက်ဆံ၊ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်နဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှု အားလုံးအတွက် တစ်နေရာတည်းကပေးနိုင်သော ၎င်းရဲ့ စွမ်းဆောင်ရည်မြင့် ဘဏ္ဍာရေးဆိုင်ရာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ mobiquity® Pay ကို မြန်မာဈေးကွက်မှာ စတင် မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

“ပိုမိုပြည့်စုံကောင်းမွန်တဲ့ ငွေကြေးဝန်ဆောင်မှုထုတ်ကုန်တွေဖြစ်တဲ့ ထုတ်ကုန်သစ်တွေ၊ ကိုယ်ပိုင်တီထွင် ဆန်းသစ်ထားတဲ့ လုပ်ဆောင်ချက်တွေအပြင် မြန်ဆန်လွယ်ကူတဲ့ ငွေပေးချေမှုစနစ်ရယ်၊ သူမတူကောင်းမွန်တဲ့ သုံးစွဲသူ အတွေ့အကြုံတွေနဲ့အတူ သုံးစွဲသူတွေရဲ့ တောင်းဆိုမှုမြင့်တက်လာတာနဲ့ အညီ ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးဝန်ဆောင်မှုကဏ္ဍဟာ အရှိန်အဟုန်နဲ့ လျင်လျင်မြန်မြန် ပြောင်းလဲနေပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ cloud အခြေပြု စွမ်းဆောင်ရည်မြင့် mobiquity® Pay ပလက်ဖောင်းကို မိတ်ဆက်ပေးခဲ့တာပါ” လို့ Comviva ရဲ့ Digital Financial Solutions ဌာနမှ COO နှင့် EVP ဖြစ်သူ Srinivas Nidugondi က ပြောပါတယ်။

mobiquity® Pay ဟာ ဘဏ်ရဲ့ ဝန်ဆောင်မှုများ ရယူအသုံးပြုလျက်ရှိတဲ့ သုံးစွဲသူများသာမက ဘဏ်ရဲ့ ဝန်ဆောင်မှုများနှင့် အလှမ်းဝေးပြီး ထိတွေ့မှုမရှိတဲ့ သုံးစွဲသူအားလုံးကို ကူညီထောက်ပံ့ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ငွေပေးချေနိုင်တဲ့အရာများ ဖြစ်တဲ့ ခရက်ဒစ်ကတ် (အကြွေးဝယ်ကတ်)၊ ဒက်ဘစ်ကတ် သို့မဟုတ် ဘဏ်အကောင့် စတာတွေကို ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်အတွင်း သိမ်းဆည်းထားနိုင်ဖို့ mobiquity® Pay မှ ထောက်ပံ့ပေးထားပြီး ထိုသိမ်းဆည်းထားတဲ့ အရာများနဲ့ ငွေပေးချေမှုများ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ အလှမ်းဝေးလျက်ရှိပြီး ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် လိုအပ်လျက်ရှိတဲ့ သုံးစွဲသူများအတွက် mobiquity® Pay နဲ့ငွေလွှဲခြင်း၊ ဘီလ်များပေးဆောင်ခြင်းနဲ့ ရောင်းသူဝယ်သူဆိုင်ရာ ငွေပေးချေခြင်း၊ လစာပေးခြင်း စတဲ့ ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးကိစ္စရပ်များကို လွယ်ကူလျင်မြန် ချောမွေ့စွာ လုပ်ဆောင်နိုင်မယ့် ကြိုတင်ငွေဖြည့်သွင်းထားတဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် stored value account (SVA) လုပ်ဆောင်မှုကိုလည်း ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။

Comviva mobiquity® Pay ဟာ white-labeled အဖြစ် သတ်မှတ်ခံထားရတဲ့ ကမ္ဘာ့အကြီးမားဆုံး ဘဏ္ဍာရေး ဆိုင်ရာ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ အနက် တစ်ခုဖြစ်ပြီး Comviva ရဲ့ mobiquity ပလက်ဖောင်းကို အဆင့်မြင့် ပြောင်းလဲပြုပြင်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ mobiquity® Pay ကို အရှေ့တောင် အာရှမှ အရှေ့အလယ်ပိုင်းနိုင်ငံများ အပါအဝင်၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများ အထိ နိုင်ငံပေါင်း ၅၀ ကျော်မှ ဘဏ္ဍာရေးဆိုင်ရာ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းပေါင်း ၇၀ ကျော်မှ အသုံးပြုလျက်ရှိပြီး မြန်မာ့ထိပ်တန်း မိုဘိုင်းအော်ပရေတာတစ်ဦးမှ ပေးအပ်လျက်ရှိတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို mobiquity® ပလက်ဖောင်းက ပံ့ပိုးပေးလျက်ရှိတယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««