Computex 2020 ပွဲ ဖျက်သိမ်း

အကြီးမားဆုံး နည်းပညာပြပွဲထဲက တစ်ခုဖြစ်တဲ့ Computex 2020 ပွဲကို ဇွန်လကနေ ရွေ့ဆိုင်းပြီး စက်တင်ဘာလမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပွဲကို ရွေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အခုဆိုရင် Computex 2020 ပွဲက အခြားနည်းပညာကွန်ဖရင့်တွေလိုပဲ ဒီနှစ်မှာ မပြုလုပ်တော့ပါဘူး။

လာမယ့်နှစ် Computex ပွဲကို ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်ကနေ ၅ ရက်အထိ ကျင်းပမယ်လို့ ဖော်ပြထားပါတယ်။

ကပ်ရောဂါနဲ့ ခရီးသွားလာမှု ကန့်သတ်မှုတွေကြောင့် စက်တင်ဘာလမှာ တိုင်ပေပွဲကို လူပေါင်းများစွာ တက်ရောက်နိုင်မှာ မဟုတ်တဲ့အတွက် ဖျက်သိမ်းလိုက်တယ်လို့ ပွဲစီစဉ်သူတွေက blog post မှာရှင်းပြထားတယ်။ ထိုင်ဝမ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေကို သီးသန့်ခွဲထုတ်တာ ခရီးသွားလာမှု ကန့်သတ်တာတွေကို အစောဆုံး ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ထိုင်ဝမ်မှာ COVID-19 ကြောင့် ရောဂါကူးစက်ခံရသူ အယောက် ၅၀၀ ရှိပြီး သေဆုံးသူကလည်း ၇ ဦးပဲရှိပါတယ်။

ပြီးခဲ့နှစ်က ပြုလုပ်ခဲ့တဲ့ Computex ပွဲကို နိုင်ငံပေါင်း ၁၇၁ ခုက လာရောက်လည်ပတ်သူ ၄၃,၀၀၀ အထိရှိခဲ့ပါတယ်။ Computex 2020 ပွဲပဲ ဖျက်သိမ်းတာမဟုတ်ဘဲ ဖေဖော်ဝါရီလမှာ MWC ကလည်း ပွဲကို ဖျက်သိမ်းခဲ့ပြီး မတ်လအတွင်း E3 နဲ့ Google I/O 2020 ပွဲကိုလည်း ဖျက်သိမ်းထားပါတယ်။ အခြားပွဲတွေဖြစ်တဲ့ Facebook ရဲ့ F8 developer ကွန်ဖရင့်ကတော့ နှစ်စဉ်အတိုင်း စုဝေးမှုကို virtual မှာပဲ လုပ်ဆောင်ခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge