Community Recreation Center တည္ေထာင္မည္

[Zawgyi]

ရန္ကုန္တိုင္းေဒသႀကီး ေတာင္ဒဂံုၿမိဳ႕နယ္၊ ေျမကြက္အမွတ္ (၇၀) မွာ Community Recreation Center တည္ေထာင္မယ္လို႔သိရပါတယ္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔၊ တင္ဒါစိစစ္ႀကီးၾကပ္ေရးအဖြဲ႔အေနနဲ႔ အဲဒီေဆာင္ရြက္ ခ်က္အတြက္ ျပည္တြင္းျပည္ပအဖြဲ႔အစည္းေတြကုိတင္ဒါဖိတ္ေခၚလိုက္ ပါတယ္။ တင္ဒါ စာရြက္စာတမ္းေတြကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ တင္ဒါစိစစ္ႀကီးၾကပ္ေရးအဖြဲ႔ရံုး၊ လႊတ္ေတာ္၀င္း၊ ဂိတ္အမွတ္ (၄) မွာ အခမဲ့ရယူႏိုင္ၿပီျဖစ္ေၾကာင္း၊ ၈.၆.၂၀၁၈ ရက္ ေနာက္ဆံုးထားၿပီး ျပန္လည္တင္သြင္းရမွာျဖစ္ေၾကာင္း သိရပတယ္။

တင္ဒါေခၚယူျခင္းနဲ႔ပတ္သက္ၿပီး အေသးစိတ္သိရွိလိုတာေတြကို တင္ဒါစိစစ္ႀကီးၾကပ္ေရး အဖြဲ႔ရဲ႕အီးေမးလ္ [email protected] မွတစ္ဆင့္ေသာ္လည္းေကာင္း၊ ရန္ကုန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႔၊ တင္ဒါစိစစ္ႀကီးၾကပ္ေရးအဖြဲ႔ရံုးကိုလည္းေကာင္းဆက္သြယ္ ေမးျမန္းႏိုင္တယ္လုိ႔သိရပါတယ္။ အဆိုျပဳလႊာအျပည့္အစံုကို ျပန္လည္တင္သြင္းရမွာျဖစ္ၿပီး ေနာက္က်တင္သြင္းတဲ့တင္ဒါေတြကို လက္ခံစဥ္းစားမွာမဟုတ္ဘူးလို႔ဆိုပါတယ္။

-ထြန္းထြန္း

 

[Unicode]

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်၊ မြေကွက်အမှတ် (၇၀) မှာ Community Recreation Center တည်ထောင်မယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့အနေနဲ့ အဲဒီဆောင်ရွက် ချက်အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကိုတင်ဒါဖိတ်ခေါ်လိုက် ပါတယ်။ တင်ဒါ စာရွက်စာတမ်းတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ရုံး၊ လွှတ်တော်ဝင်း၊ ဂိတ်အမှတ် (၄) မှာ အခမဲ့ရယူနိုင်ပြီဖြစ်ကြောင်း၊ ၈.၆.၂၀၁၈ ရက် နောက်ဆုံးထားပြီး ပြန်လည်တင်သွင်းရမှာဖြစ်ကြောင်း သိရပတယ်။

တင်ဒါခေါ်ယူခြင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုတာတွေကို တင်ဒါစိစစ်ကြီးကြပ်ရေး အဖွဲ့ရဲ့အီးမေးလ် [email protected] မှတစ်ဆင့်သော်လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ရုံးကိုလည်းကောင်းဆက်သွယ် မေးမြန်းနိုင်တယ်လို့သိရပါတယ်။ အဆိုပြုလွှာအပြည့်အစုံကို ပြန်လည်တင်သွင်းရမှာဖြစ်ပြီး နောက်ကျတင်သွင်းတဲ့တင်ဒါတွေကို လက်ခံစဉ်းစားမှာမဟုတ်ဘူးလို့ဆိုပါတယ်။

-ထွန်းထွန်း