College of Staten Island (City University of New York) တွင် Medical Technology ဘာသာရပ်ကိုသင်ကြားနေသော မမေမြတ်ချယ်၏ Student Life

College of Staten Island (City University of New York) မှာ Medical Technology ဘာသာရပ်ကို သွားရောက်သင်ကြားနေတဲ့
မမေမြတ်ချယ်၏ Student Life ကို ဖော်ပြပေးလိုက်ပါတယ်။

အစ်မအခုဘယ်ဘာသာရပ်ကို College of Staten Island (City University of New York) မှာ တက်ရောက်နေတာပါလဲ။

ညီမနာမည်က မေမြတ်ချယ်ပါ။ ညီမက ILBC မှာ IGCSE ဖြေပြီးတော့ Connect University မှာ အမေရိကန်တက္ကသိုလ် ပရိုဂရမ်ကို တက်ရောက်ခဲ့ပါတယ်။ အခုလက်ရှိ အမေရိကန်နိုင်ငံမှာ Medical Technology ဘာသာရပ်ကို မေဂျာယူပြီး တတိယနှစ်တက်ရောက် နေပါတယ်။

အမေရိကန်နိုင်ငံမှာ Medical Technology ဘာသာရပ်ကို တက်ရောက်ဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။

အမေရိကန်နိုင်ငံရဲ့ပညာရေးစနစ်ကို သဘောကျတာရယ်၊ တစ်ခြားနိုင်ငံတွေနဲ့ယှဉ်ရင် နည်းပညာပိုင်းတွေ အစစရှေ့ဆုံးက ရှိနေတာရယ်ကြောင့် အမေရိကန်နိုင်ငံကိုသွားပြီး ပညာသင်ချင်ခဲ့တာပါ။

ဒီ Medical Technology ဘာသာရပ်ကို ရွေးချယ်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါဦး။

ညီမက အစထဲက ဆေးပညာရပ်ကို စိတ်ဝင်စားတာပေါ့။ ဆရာဝန်လုပ်ဖို့ကျတော့ ဆေးကုရတာကို စိတ်မဝင်စားဘူး။ ပြီးတော့ ၉ နှစ်လောက် အချိန်ယူရမှာဆိုတော့ ဆရာဝန်မလုပ်ဘဲ ကိုယ်ဝါသနာပါတဲ့ Laboratory Medical Technology ပိုင်းကို ယူခဲ့တာပါ။ ဘွဲ့ရလို့ ပြန်လာလို့ရှိရင် မြန်မာနိုင်ငံမှာ Lab ထောင်မယ် စိတ်ကူးထားပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီဘာသာရပ်ကိုမသွားခင် ဘာတွေပြင်ဆင်ခဲ့ရလဲ။

IGCSE ပြီးတော့ ညီမ SAT လုပ်တယ်။ ကိုယ့်ဘာသာ ကျောင်းလျှောက်တဲ့အခါ ကျောင်းကြီးတွေက ဝင်ခွင့်ခက်တယ်။ အဲ့အချိန်မှာ သူငယ်ချင်းက Connect University ရဲ့ American University Program ကိုပြောပြတော့ စိတ်ဝင်စားလို့ Seminar သွားတက်လိုက်တယ်။ အဲ့မှာ သိရတာက မြန်မာနိုင်ငံမှာပဲ အမေရိကန်တက္ကသိုလ်တွေရဲ့ ပထမ ၂ နှစ်ကို တက်လို့ရမယ်၊ Credit လည်း တကယ်ရသွားမယ်။ သင်ကြားပေးတဲ့ သင်ရိုးတွေက အမေရိကန်တက္ကသိုလ်တွေရဲ့ သင်ရိုးတွေဖြစ်ပြီး ဆရာတွေက နိုင်ငံခြားသား ပါမောက္ခကိုယ်တိုင်လာရောက် သင်ကြားပေးတယ်။ ကျောင်းစရိတ်လည်း အမေရိကားမှာ သွားတက်တာထက် စာရင်အများကြီး ပိုသက်သာတယ်ဆိုတော့ ညီမ Connect မှာ ၂ နှစ်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံခြားသွား ပညာသင်ဖို့ဆိုတာ စာတစ်ခုတည်း
ထူးချွန်နေလို့ မရပါဘူး။ အဘက်ဘက်မှာ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အကျင့်ကို Connect မှာတက်ပြီးတော့ ရခဲ့ပါတယ်။ Connect က အမေရိကန်ပညာရေးစနစ်နဲ့ အံဝင်အောင်လေ့ကျင့် သင်ကြားပေးတဲ့အပြင် Social Skill တွေ၊ Leadership Skill တွေ ပါရသွားအောင် သင်ကြားပေးပါတယ်။ ညီမအရင်က ပေါင်းသင်း ဆက်ဆံရေးပိုင်းမှာ တော်တော်လေး အားနည်းတယ်။ Connect ရောက်တော့ နေရာ အစုံက ကျောင်းသား၊ ကျောင်းသူတွေနဲ့
တွေ့ရတယ်။ ဆရာတွေဆိုလည်း နိုင်ငံတော်တော်များများက ပါမောက္ခတွေနဲ့ သင်ကြားရတော့ တော်တော်လေး အတွေ့အကြုံကောင်းကောင်းရခဲ့ပါတယ်။

ညီမလေးက CSI ကို ဘာလို့ရွေးချယ်ခဲ့တာလဲ။

CSI ကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတော့ CSI က New York က ဆေးရုံ ၅ ခုနဲ့ ချိတ်ထားတယ်။ Practical လည်း ဆင်းလို့ရတယ်။ ကျောင်းပြီးရင် အလုပ်ကို တစ်ခါတည်း ကျောင်းကရှာပေးတယ်။ Internship တွေလည်း ကျောင်းကလျှောက်ပေးတယ်။ ဘွဲ့ရပြီးရင် အလုပ် ၁ နှစ်ခွဲလောက် လုပ်မယ်။ အလုပ်ကအဆင်ပြေလို့ရှိရင် အလုပ်တစ်ဖက်နဲ့ Master ဆက်တက်မယ်လို့ စဉ်းစားထားတယ်။ ကျောင်းပြီး အလုပ်လျှောက်ပေးတာကို သဘောကျလို့ CSI ကိုရွေးချယ်ခဲ့တာပါ။

ကျောင်းတွေရွေးချယ်တဲ့နေရာမှာ ဘယ်အချက်တွေကြည့်ပြီး ရွေးချယ်ခဲ့လဲ။

ကိုယ်လိုချင်တဲ့ မေဂျာကဘယ်ကျောင်းမှာ ပိုကောင်းလည်းကြည့်တယ်။ ပညာသင်ဆုပေးတဲ့ကျောင်းတွေလည်း လိုက်ကြည့်တယ်။ Connect မှာတုန်းက အမေရိကားသွားမယ့် သူတွေပဲဆိုတော့ တချို့ဆို သူငယ်ချင်းတွေ တူတူတက်လို့ရမယ့် ကျောင်းမျိုးရွေးကြတယ်။ အမျိုးရှိတဲ့သူတွေကလည်း အမျိုးရှိတဲ့နေရာနဲ့နီးတဲ့ ကျောင်းပေါ့။ ပြီးတော့ ကိုယ်ယူမယ့်မေဂျာရဲ့ Cost Plan တွေ သေချာကြည့် သွားတယ်။ ဘယ်နှနှစ် ဆက်တက်ရမယ်။ ကျောင်းစရိတ်ဘယ်လောက်ကုန်ကျမယ် သေချာ သိပြီးမှ သွားခဲ့တာပါ။

ကျောင်းလျှောက်တဲ့နေရာမှာ ဘာအခက်အခဲတွေရှိခဲ့လဲ။

ကျောင်းလျှောက်တော့ လိုအပ်တဲ့အရာတွေကို Connect ကပဲ အကုန်လုပ်ပေးပါတယ်။ Student Advising အချိန်တွေမှာ ဘယ်ကျောင်း
က ကိုယ်ရွေးမယ့်မေဂျာနဲ့ သင့်တော်တယ်။ ကိုယ်သွားတက်ရင် အဆင်ပြေတယ်ဆိုတာ ဆရာ၊ ဆရာမတွေက သေချာပြောပြပေး ပါတယ်။ Visa လျှောက်တော့လည်း ဘာတွေလိုအပ်တယ်ဆိုတာကို Connect မှာ Visa Section လုပ်ပြီး ပြောပြပေးပါတယ်။ ညီမလိုအပ်တဲ့ Form တွေကို ကျောင်းမှာပဲဖြည့်တယ်။ Visa သွားဖြေတော့ လိုအပ်တဲ့ အချက်အလက်တွေသေချာပြပြီး၊ သူတို့မေးတဲ့မေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေပေးရုံပါပဲ။ ညီမအတွက် အခက်အခဲတော့ သိပ်မရှိခဲ့ပါဘူး။

နိုင်ငံခြားမှာ ပညာသင်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အကြံဉာဏ်လေးပေးခဲ့ပါဦး။

ကိုယ်သွားတက်မယ့်မေဂျာက ဘယ်ကျောင်းမှာကောင်းလဲ သေချာသိရမယ်။ ကိုယ်ယူမယ့်မေဂျာရဲ့ Cost Plan တွေ သေချာ နားလည်ထားရမယ်။ ပြီးတော့ ကျောင်းပြီးရင် အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်ရှိတယ်ဆိုတာ သိထားရင် ပိုအဆင်ပြေ တာပေါ့။