Collaborative Drawing App ကို Ubuntu OS တွင် ထည့်သွင်းခြင်း

Collaborative Drawing app ကတော့ Ubuntu OS မှာအသုံးပြုနိုင်မယ့် drawing app တစ်ခုဖြစ်ပါတယ်။ Drawing tool အများအပြားထည့်သွင်းပေး ထားပါတယ်။ Collaborative Drawing app ကို ထည့်သွင်းဖို့အတွက် ဖော်ပြပါနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ Collaborative Drawing app ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Collaborative Drawing app ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြု ရမယ့် command တွေကတော့ –

sudo apt-get install flatpak

flatpak remote-add –if-not-exists flathub https://flathub.org/repo/flathub.flatpakrepo

flatpak install flathub net.drawpile.drawpile

flatpak update net.drawpile.drawpile

ဆိုတဲ့ command တွေ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေ ကို download လုပ်ယူပြီး တစ် ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ အသုံးမပြုချင်တော့ လို့ flatpak uninstall net.drawpile.drawpile ဆိုတဲ့ command နဲ့ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

-သီဟ