Coding တတ်စရာမလိုဘဲ ကိုယ်ပိုင် AI tool တွေဖန်တီးနိုင်မယ့် Google ရဲ့ cloud ဝန်ဆောင်မှုသစ်

Google ရဲ့ ဝန်ဆောင်မှုသစ်ဖြစ်တဲ့ Cloud AutoML ဟာ drag နဲ့ drop လုပ်ရုံနဲ့ ရုပ်ပုံတွေကို သိမှတ်နိုင်တဲ့ tool တစ်ခုကို ဖန်တီးပေးနိုင်တယ်လို့ သိရပါတယ်။

ရုပ်ပုံနဲ့ စကားသံတွေကို မှတ်မိနိုင်ပြီး အဆင်သင့်သုံးစွဲနိုင်တဲ့ AI ဝန်ဆောင်မှုတွေဟာ cloud computing ထောက်ပံ့သူအဖြစ် သုံးစွဲသူတွေအပေါ် အားပြုထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Google ဟာ Cloud AutoML နဲ့ AI ကို အလွယ်တကူ အသုံးပြုနိုင်စေဖို့အတွက် ခြေလှမ်းတစ်ရပ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ Cloud AutoML ဆိုတဲ့ tool သစ်ဟာ code တစ်ကြောင်းမှ ရေးစရာမလိုဘဲ ကိုယ်ပိုင် machine learning algorithm သစ်တွေကို အစကနေ သင်ကြားပေးနိုင်ပါတယ်။

Google ရဲ့ AutoML အစီအစဉ်ကို ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီရဲ့ I/O ကွန်ဖရင့်မှာလည်း မိတ်ဆက်ခဲ့ပါတယ်။ Google အနေနဲ့ machine learning software ဒီဇိုင်းထုတ်နိုင်တဲ့ machine learning software ဖန်တီးဖို့အတွက်ဖြစ်ပြီး AI လူမှုအသိုက်အဝန်းအတွင်း သုတေသနအပြုလုပ်ဆုံး ကဏ္ဍလည်း ဖြစ်ပါတယ်။ Cloud AutoML ဟာ code ရေးဆွဲရတဲ့ ပြဿနာကို ဖြေလျော့ဖို့ ရည်ရွယ်ပါတယ်။

Cloud AutoML မှာ သုံးစွဲသူကိုယ်တိုင် machine learning မော်ဒယ်ကို လေ့ကျင့်ဖို့အတွက် ရိုးရှင်းတဲ့ ဂရပ်ပုံပြမျဉ်းတွေပါဝင်တဲ့ interface ကိုအသုံးပြုထားပါတယ်။ အဲဒီဝန်ဆောင်မှုမှာ သုံးစွဲသူတွေအတွက် ဓာတ်ပုံတွေကို drag နဲ့ drop ပြုလုပ်ခွင့်ပေးထားတဲ့ ရုပ်ပုံတွေခွဲခြားမှုစနစ်ကို ကန့်သတ်ထားပါတယ်။ Software က လိုအပ်တဲ့အရာတွေ ဒါမှမဟုတ် item တွေကို အဆက်မပြတ် ပြန်ရွေးချယ်တာကို ကြည့်နိုင်ပါတယ်။ ဥပမာအနေနဲ့ Urban Outfitters ဟာ ကတ်တလောက်အတွင်းက အင်္ကျီကို Cloud AutoML က ဘယ်လိုခွဲခြားမလဲဆိုတာ စမ်းသပ်ခဲ့တာကြောင့် သုံးစွဲသူက ထူးခြားတဲ့ ပင်ကိုယ်လက္ခဏာအပေါ် မူတည်ပြီး filter လုပ်နိုင်မှာ ဖြစ်ပါတယ်။

“လက်ရှိမှာ ကမ္ဘာတစ်ဝန်းက လုပ်ငန်းတော်တော်များများက ML (Machine Learning) နဲ့ AI နည်းပညာတွေကို အပြည့်အဝ တန်ဖိုးထားဖို့ လိုအပ်နေတဲ့ စွမ်းရည်နဲ့ ဘတ်ဂျက်တွေကို သုံးစွဲနေကြပါတယ်။ အဆင့်မြင့် machine learning မော်ဒယ်တွေ ဖန်တီးနိုင်တဲ့ လူအရေအတွက်က အကန့်အသတ်ပဲ ရှိပါသေးတယ်။ Google အနေနဲ့ သီးခြားအလုပ်တွေပြုလုပ်နိုင်တဲ့ API တွေကနေတစ်ဆင့် ကြိုတင်သင်ကြားထားတဲ့ machine learning မော်ဒယ်တွေ ပြုလုပ်ပေးထားပါတယ်။ လူတိုင်းဆီ AI ရောက်ရှိလာဖို့အတွက် ခရီးက ရှည်လျားနေပါသေးတယ်” လို့ Google ရဲ့ cloud AI သိပ္ပံပညာရှင်အကြီးအကဲ ဖေးဖေးလီက blog post မှာရေးသားခဲ့ပါတယ်။

-စိုးထက်

Ref: TheVerge