Cloud Storage အကြောင်း အွန်လိုင်းဟောပြောပွဲ ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ဒီဇင်ဘာ ၂၇ ရက်၊ နံနက် ၁၁ နာရီမှ ၁၂:၃၀ အထိ Cloud Storage အကြောင်း သိကောင်းစရာ ခေါင်းစဉ်နဲ့ WebinarJam (Online Platform) ကို အသုံးပြုပြီး ဆွေးနွေးဟောပြောသွားမယ်လို့ သိရပါတယ်။

Storage Technology SIG ရဲ့ Coordinator ဦးထင်အောင်က ဆွေးနွေးပေးမှာဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ http://tiny.cc/SIG11 မှာ Register ဝင်ရောက်ပြုလုပ်နိုင်ပြီး ပွဲနေ့ မတိုင်မီ Register ပြုလုပ်ပါက ပြုလုပ်ပြီးတာနဲ့ မိမိတို့ ထည့်သွင်းထားတဲ့ email ကို Live Room Link ရောက်ရှိမှာ ဖြစ်ပါတယ်။

ရောက်ရှိလာတဲ့ Live Room Link ကို ဆွေးနွေးပွဲနေ့မှာ နှိပ်ပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««