Cloud Service အသုံးပြုခြင်းရဲ့ကောင်းကျိုး (၅) ချက်

MER Group က Cloud Service နဲ့ပတ်သက်ပြီး အားသာချက်အချို့ကို Discover ACE 2017 Conference မှာ ဝေမျှခဲ့တာကနေ ကောက်နုတ်ဖော်ပြ ထားတာဖြစ်ပါတယ်။

(၁) မိမိရောက်ရှိနေသည့်နေရာမှ အလွယ်တကူအသုံးပြုနိုင်ခြင်း

အချက်အလက်တွေကို Cloud ပေါ်မှာ သိမ်းဆည်းထားပေးတာဖြစ်တဲ့ အတွက်ကြောင့် ဘယ်နေရာပဲရောက်ရောက် အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

(၂) နယ်မြေကန့်သတ်ချက်မရှိဘဲအသုံးပြုနိုင်ခြင်း

Cloud ပေါ်မှာရှိတာကြောင့် ရန်ကုန်ဖြစ်ဖြစ် မန္တလေးဖြစ်ဖြစ်ခွဲခြားနေစရာမလိုပါဘူး။ ကိုယ်လိုအပ်တဲ့ အချိန်ဖွင့်သုံးလိုက်ရုံပါပဲ။

(၃) အင်တာနက်သာရှိမည်ဆိုပါက ဘယ် Device မှမဆိုအသုံးပြုနိုင်ခြင်း

အင်တာနက်ရရှိတဲ့ဘယ် Device ကမဆိုဖွင့်ပြီးအသုံးပြုနိုင်မှာပါ။

(၄) ဈေးနှုန်းအကုန်အကျသက်သာခြင်း

ဒေတာသိမ်းဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ထားဖို့မလိုပါဘူး။ အဲဒီပစ္စည်းတွေ​ ဝယ်မယ့်တန်ဖိုးအစား Cloud ပေါ်မှာ ထားတာက ဈေးနှုန်းပိုမို သက်သာစေတယ်လို့ ဆိုပါတယ်။

(၅) နေရာ၊ အရွယ်အစားကန့်သတ်ချက်မလိုခြင်း

ကိုယ်ထည့်သွင်းအသုံးပြုမယ့်ဒေတာတွေ ဘယ်လောက်များသလဲဆိုတာ တွေးစရာသိပ်မလိုပါဘူး။ Cloud Service က ရော်ဘာလို အကျုံ့အကျယ်ပြုလုပ်နိုင်တာကြောင့် မိမိမှာရှိသလောက် ဒေတာတွေကို သိုလှောင်သိမ်းဆည်း ထားနိုင်မှာပါ။

-ထွန်းထွန်း