Cloud after Sale Service

တီဗီ၊ အဝတ်လျှော်စက်၊ ပန်ကာ၊ Air-Con စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ဝယ်ယူကြတော့မယ် ဆိုရင် အာမခံ ပါပါ့မလား၊ တစ်ခုခု ပျက်သွားရင် After-Sale Service ရော အလွယ်တကူ ရရှိနိုင်မလား၊ နောက်တစ်ချက်က ကိုယ်ဝယ်ယူလိုက်တဲ့ အမှတ်တံဆိပ်အတွက် အပိုပစ္စည်းရော အလွယ်တကူ ဝယ်လို့ရနိုင်မလား ဆိုတာဟာ အရေးကြီးတဲ့ စဉ်းစားစရာအချက် ဖြစ်ပါတယ်။

Syinix Electronics ပစ္စည်းတွေရဲ့ After-sale Service ပိုင်းကို တရားဝင်တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိတဲ့ Carlcare Service Center ကတော့ Syinix Product ကိုဝယ်ယူထားတဲ့ Customer တွေအတွက် Stay Home ကာလ Service Center ပိတ်ထားရတဲ့ အချိန်အတွင်း “Cloud After-Sale Service” ကို ဝန်ဆောင်မှုပေးမယ်လို့ သိရပါတယ်။

ဒီဝန်ဆောင်မှုမှာ Syinix Electroncis ပစ္စည်းတွေကို ဝယ်ယူထားတဲ့ Customer တွေအတွက် Syinix ပစ္စည်းတွေ Error တစ်ခုခုဖြစ်လို့ ပြင်ချင်တယ်ဆိုရင် Carlcare Service Center ရဲ့ ယာယီဝန်ဆောင်မှုနံပါတ် 09-677910733 ကို ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ Software ပြဿနာများအတွက် Service Technician ဆီကို တိုက်ရိုက် Video Call နဲ့ မေးမြန်းနိုင်မှာဖြစ်ပြီး Hardware ဆိုင်ရာ ပြုပြင်ဖို့လိုတယ် ဆိုရင်တော့ Factory-Fault ကြောင့်ဖြစ်တဲ့ Warranty အတွင်း အကြုံးဝင်တဲ့ ပစ္စည်းများအတွက် မော်ဒယ်တူ ပစ္စည်းအသစ်နဲ့ အခမဲ့ လဲလှယ်ပေးမှာ ဖြစ်ပါတယ်။ User-Fault ကြောင့်ဖြစ်တဲ့ ပစ္စည်းများအတွက်လည်း မော်ဒယ်တူပစ္စည်းအသစ်နဲ့ အစားထိုးလဲလှယ်ပေးမှာ ဖြစ်ပေမယ့် Customer ဘက်မှ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတန်ဖိုးကို ပေးဆောင်ရမှာဖြစ်ပါတယ်။ ဥပမာ User-Fault ကြောင့်တီဗီမှန်ကွဲသွားတာမျိုး ဆိုရင် Carlcare ကနေ မော်ဒယ်တူ TV အသစ်နဲ့ အစားထိုးလဲပေးမယ်၊ ဒါပေမဲ့ Customer ဘက်ကနေ တီဗီမှန်ဖိုးကျသင့်ငွေကိုတော့ Carlcare Service Center ကို ပေးရမှာဖြစ်ပါတယ်။ Factory-Fault ဆိုရင်တော့ အသစ်တစ်လုံးနဲ့ Free လဲပေးမယ်ပေါ့။

ဒီ Stay Home ကာလမှာ ကျွန်တော်တို့ Carlcare Service Center ပိတ်ထားရပါတယ်။ Carlcare Service Center ပိတ်ထားရတဲ့ အတွက် Syinix Electronics ပစ္စည်းတွေ လတ်တလော လာပြင်ထားတဲ့ ပစ္စည်းတွေရော၊ ဒီကာလမှာ တစ်ခုခုဖြစ်လို့ လာပြင်ချင်တဲ့ Customer တွေအတွက် အမြန်ဆုံးဝန်ဆောင်မှု မပေးနိုင်ဖြစ်တာပေါ့။ ဒါကြောင့် Syinix Electroncis ပစ္စည်းတွေ တစ်ခုခုဖြစ်လို့ လာပြင်ချင်တဲ့ Customer တွေအတွက် အဆင်ပြေစေဖို့ Service Center ပိတ်ထားရပြီး ပြင်လို့လည်းမရတဲ့ အခြေအနေမှာ မော်ဒယ်တူပစ္စည်းအသစ်နဲ့ အစားထိုးလဲလှယ်ပေးလိုက်တာပါ။ Service Center ပိတ်ထားရတာကလည်း ဘယ်လောက်ကြာမှန်း မသိသေးဘူး၊ ဒီ အိမ်မှာနေရတဲ့ ကာလမှာTV တစ်ခုခုဖြစ်လို့ ကြည့်စရာမရှိရင် ပျင်းစရာကြီး၊ Customerတွေအနေနဲ့လည်းTV လိုပစ္စည်းမျိုး တစ်ခုခုဖြစ်တယ်ဆိုရင် အမြန်ဆုံးပြင်ချင်မှာ ဖြစ်တဲ့အတွက် ဒီ “Cloud AfterSale Service”အစီအစဉ်က Syinix Customer တွေအတွက် အထောက်အကူ ဖြစ်စေမှာပါလို့ Carlcare Service Centerနဲ့ Syinix Electronicsရဲ့တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

About Carlcare Service Center
—————————-
Carlcare Service Center ဆိုတာကတော့ အာဖရိက၊ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ ဥရောပအရှေ့ပိုင်းနဲ့ လက်တင်အမေရိက စတဲ့ နိုင်ငံပေါင်း (၆၀) ကျော်မှာ အီလက်ထရောနစ်ပစ္စည်း၊ စမတ်ဖုန်းတွေအတွက် တရားဝင် After-SaleService ဝန်ဆောင်မှုပေးနေတဲ့ Service Center ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း တာမွေမြို့နယ်၊ ရန်ကုန်မြို့မှာ Main Service Center ရှိပြီး လောလောဆယ်အထိ မန္တလေး၊ ပဲခူး၊ မကွေး ၊ မော်လမြိုင် စတဲ့ အခြားမြို့ကြီးတွေမှာလည်း Service Receive Point စုစုပေါင်း (၁၄) ခုရှိနေပြီး Syinix/ Tecno Mobile/ Itel/ Infinix စတဲ့ အမှတ်တံဆိပ်တွေအတွက် တရားဝင် အာမခံဝန်ဆောင်မှု ပေးနေတယ်လို့ သိရပါတယ်။

About Syinix

Syinix ဟာ အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ Global Brand ဖြစ်ပြီး Premier League Football Club အသင်းတစ်သင်း ဖြစ်တဲ့ Leicester City အသင်းနဲ့ တရားဝင် ပူးပေါင်းမှုကို မကြာသေးမီကမှကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပိုမိုသိရှိရန် Syinix Electronics Facebook Page – https://web.facebook.com/SyinixElectronicsMyanmar