Cloud ၀န်ဆောင်မှုအတွက် Huawei နှင့် Microsoft နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ကမ္ဘာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာနယ်ပယ်မှာ Huawei ရဲ့ လူသိများ ထင်ရှားတဲ့ပွဲတစ်ခုဖြစ်တဲ့ Huawei Connect 2017 ပွဲမှာ Cloud ဝန်ဆောင်မှုအတွက် Huawei နဲ့ Microsoft တို့ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့တယ်လို့ သိရပါတယ်။

Huawei Cloud ကနေ ထပ်မံထွက်ပေါ်လာမယ့် Microsoft application တွေအနေနဲ့ လုပ်ငန်းစုကြီးတွေအတွက် Cloud ဝန်ဆောင်မှုများရဲ့ အကောင်းဆုံးသော အတွေ့အကြုံများ ဝန်ဆောင်မှုပေးရန်အပြင် လုပ်ငန်းစုကြီးတွေရဲ့ ဒီဂျစ်တယ်အသွင် ကူးပြောင်းမှုအကောင် အထည်ရာတွင် ကူညီပေးရန်အတွက် Publis Cloud နဲ့ ပတ်သက်တဲ့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုများကို အဆိုပါကုမ္ပဏီနှစ်ခုမှ ကနဦးဆောင်ရွက် သွားကြမှာဖြစ်ပါတယ်။

မဟာဗျူဟာသစ်ဖြစ်တဲ့ ပူးပေါင်းမှုမှာ Huawei နဲ့ Microsoft တို့ဟာ Microsoft ရဲ့ လုပ်ငန်းသုံးအဆင့် ထုတ်ကုန်တွေကို အွန်လိုင်းပေါ်ကို ပိုမိုယူဆောင်လာမယ်လို့ သိရပါတယ်။ အခုလက်မှတ်ရေးထိုးပွဲဟာ ကုမ္ပဏီနှစ်ခုကြား နည်းဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်းကို Huawei ရဲ့ Cloud BU နဲ့ IT Product Line ဥက္ကဌဖြစ်သူ Zheng Yelai က “Customer ကို ဗဟိုပြုစဉ်းစားတဲ့ အမြင်အရကြည့်မယ်ဆိုရင် Huawei ဟာ ထက်မြက်တဲ့ လူမှုအဖွဲ့အစည်းရဲ့ တိုးတက်လာမှုတွေကို အားပေးကူညီဖို့ ရည်ရွယ်ထားပါတယ်။ Software များ၊ ဝန်ဆောင်မှုများနဲ့ နည်းပညာဖြေရှင်းချက်တွေကို ကမ္ဘာ့ထိပ်တန်းအဆင့် ဝန်ဆောင်မှုပေးနေတဲ့ Microsoft က လုပ်ငန်းစုအသီးသီးရဲ့ ဈေးကွက်ထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ Huawei Cloud က Microsoft နဲ့ ပူးပေါင်းပြီး ပွင့်လင်းပြီးနှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဂေဟစနစ်ကို တည်ဆောက်သွားဖို့ မျှော်လင့်ပါတယ်။

ဒီနည်းလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲက ကုမ္ပဏီနှစ်ကြားက နည်းဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်း သင်္ကေတပဲဖြစ်ပါတယ်” ဟု ပြောသည်။

“နည်းပညာတီထွင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စတုတ္ထမြောက် စက်မှုလှုပ်ရှားမှုက ကဏ္ဍတိုင်းနီးပါးမှာရှိတဲ့ Customer တွေအတွက် အခွင့်အလမ်းတွေကို ပိုပြီးဖန်တီးပေးနေပါတယ်။ အိုင်တီလုပ်ငန်းစုကြီးမှာ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူအနေနဲ့ Huawei က အဖွဲ့အစည်းတွေ ပြောင်းလာဖို့အတွက် စွမ်းအင်မြှင့်တင်ပေးမဲ့ လုပ်ငန်းမှာ Microsoft ရဲ့ မဟာဗျူဟာကျတဲ့ မိတ်ဖက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့က စက်မှုကဏ္ဍကို ဦးဆောင်နေတဲ့ နည်းပညာကနေ Customer များ အကျိုးရှိစေဖို့ အဆင်ပြေချေမွေ့တဲ့ နည်းလမ်းတစ်ခုကို တည်ဆောက်တာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ တိုးမြှင့်ထားတဲ့ ပူးပေါင်းဆောင်ရွက်မှုက ဆန်းသစ်တီထွင်မှုဆီကို မောင်းနှင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ Customer တွေ ဘာတွေ လိုအပ်သလဲဆိုတာကို အာရုံစိုက်ခြင်းအားဖြင့် ဒစ်ဂျစ်တယ်အသွင် ပြောင်းလဲလာတဲ့ခေတ်မှာ ကျွန်တော်တို့ အတူတကွ ဦးဆောင်နိုင်မယ် အနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်” ဟု Microsoft China ၏ CEO ဖြစ်သူ Alain Crozier ကပြောသည်။

Huawei Connect 2017 ကို ရှန်ဟိုင်းရှိ SNIEC (Shanghai New International Expo Centre) တွင် “Cloud နှင့်အတူ တိုးတက်ခြင်း – Grow with the Cloud” ဟူသော Theme နဲ့ စက်တင်ဘာ ၅ ရက်မှ ၇ ရက်ထိ ကျင်းပပြုလုပ်ခဲ့သည်။

-ရဲထွဋ်ဝင်း