Cloud အသုံးပြုမှု မြင့်တက်လာတာကြောင့် Xbox နဲ့ Teams ဝန်ဆောင်မှုကို Microsoft ပြောင်းလဲ

Microsoft ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုအတွင်း cloud ဝန်ဆောင်မှု အလွန်အမင်း မြင့်တက်လာတာကို တွေ့နေရပါတယ်။ “လူစုလူဝေးရှောင်တာ ဒါမှမဟုတ် စခန်းရှိတဲ့ ဒေသအတွင်း ကျွန်တော်တို့ရဲ့ cloud ဝန်ဆောင်မှု ၇၇၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်” လို့ Microsoft Azure က ရေးသားခဲ့ပါတယ်။ Windows Virtual Desktop ကိုအသုံးပြုမှု ၃ ဆကျော် ပိုမိုမြှင့်တက်လာပြီး Microsoft Teams, Xbox Game Pass, Xbox Live နဲ့ Mixer မှာလည်း အသုံးပြုသူတွေ မြင့်တက်လာပါတယ်။

Microsoft က cloud ဝန်ဆောင်မှုတွေကို အပြောင်းအလဲ ချိန်ညှိမှုတွေလုပ်ဆောင်နေပါတယ်။ “ကျွန်တော်တို့အနေနဲ့ စိတ်ကြိုက် ဂိမ်မာရုပ်ပုံတွေ၊ ကလပ်ပုံနဲ့ ကလပ်နောက်ခံ upload လုပ်နိုင်စွမ်းကို ယာယီပိတ်လိုက်တယ်” လို့ Xbox ထောက်ပံ့မှု မှတ်စုမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ လက်ရှိ ရှိပြီးသား ရုပ်ပုံတွေက အလုပ်လုပ်သေးပြီး Xbox Live လုပ်ဆောင်ချက် အားလုံးအတွင်း upload အသစ်ပြုလုပ်မှုတွေကို စောင့်ကြည့်ရေးအဖွဲ့က ပြုလုပ်သွားပါမယ်။

Microsoft က ဂိမ်း update လိုမျိုး bandwidth မြင့်မားတဲ့လုပ်ဆောင်ချက်တွေအတွက် ဂိမ်းထုတ်လုပ်သူတွေနဲ့ တွဲဖက်လုပ်ကိုင်နေတယ်လို့ ပြောထားပါတယ်။ အလားတူပဲ Sony ကလည်း အင်တာနက်မြန်နှုန်းကို ထိန်းသိမ်းဖို့အတွက် PlayStation ဂိမ်း download တွေကို နှေးကွေးစေပါတယ်။

ပြီးခဲ့တဲ့အပတ်က Microsoft ရဲ့ပြောကြားချက်အရ အရေးပေါ်ဝန်ဆောင်မှုတွေနဲ့ ပထမဆုံးတုံ့ပြန်သူတွေနဲ့ Microsoft Teams အသုံးပြုသူတွေအတွက် cloud အသုံးပြုမှုကို ဦးစားပေးထားပါတယ်။ ဒီလမှာ တစ်ပတ်အတွင်း Teams ကိုအသုံးပြုမှု ၁၂ သန်း ရှိလာပါတယ်။ အစောပိုင်းမှာ Microsoft Teams ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါတယ်။

စိုးထက်
Ref: TheVerge