Cloud နည်းပညာဖြင့် ပြောင်းလဲလုပ်ကိုင်မှုကို မြှင့်တင်ရန်အတွက် Softline နှင့် Microsoft တို့ပူးပေါင်း

ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများနှင့် ဘဏ္ဍရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအား ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲလုပ်ကိုင်မှုကို မြှင့်တင်ရန်အတွက် Softline နှင့် Microsoft တို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများတွင် စာရွက်စာတမ်းများကို အသုံးပြုနေသေးသည့်အတွက် ထိုသို့လုပ်ငန်းများ အနေဖြင့် လုပ်ငန်း လုပ်ဆောင်ရာတွင် ပိုပြီးခရီးတွင်အောင်၊ လုပ်ငန်းများမြန်ဆန်ပြီးမြောက်အောင်

Cloud နည်းပညာကိုအသုံးပြုကာမြှင့်တင်ရန် ဖြစ်သည်ဟု သိရသည်။ “မြန်မာနိုင်ငံမှာ နည်းပညာကျွမ်းကျင်မှုက တိုးတက်နေပေမယ့် လိုအပ်ချက်တွေရှိနေပါသေးတယ်။ Cloud နည်းပညာနဲ့ဆိုရင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကျွမ်းကျင်တိုးတက်လာနိုင်ပါတယ်။ သမားရိုးကျနည်းပညာတွေနဲ့မဟုတ်တော့ဘဲ အဓိကလုပ်ငန်းကြီးတွေအတွက် အိုင်တီကျွမ်းကျင်မှုတွေအပေါ်များ ပိုပြီးအာရုံစိုက်လုပ်ဆောင်လာမှာဖြစ်ပါတယ်” ဟု Softline မှ Emerging Asia ၏ Managing Director ဖြစ်သူ lyaAnzhiganov မှပြောကြားခဲ့သည်။ လက်ရှိပြည်တွင်းတွင် Cloud နည်းပညာဖြင့် အသုံးပြုနေသည့် ကုမ္ပဏီကြီး ၅  ခု မှအသုံးပြုလျက်ရှိပြီး နောက်ထပ် ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း Softline မှ ထပ်မံပြောကြားခဲ့သည်။