Citizens မိုဘိုင်းငွေကြေးဝန်ဆောင်မှုမှ လူမှုအကျိုးပြုအစီအစဉ် စတင်

မိုဘိုင်းငွေကြေးဝန်ဆောင်မှု Citizens မှ မြန်မာနိုင်ငံသားများအားလုံး ပါဝင်လှူဒါန်းနိုင်တဲ့ “Citizens နှင့်အတူ ကာကွယ်ဆေးလှူ” လူမှုအကျိုးပြုအစီအစဉ်ကို စတင်ခဲ့ပါတယ်။

Citizens အေးဂျင့်တွေထံမှာ တစ်ကြိမ်ကို အနည်းဆုံးငွေကျပ် ၅,၀၀၀ ငွေလွှဲခြင်း၊ ငွေပေးချေခြင်း ဆောင်ရွက်တိုင်း COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီသို့ ငွေကျပ် ၁၀၀ ၊ Citizens Mobile Wallet သုံးပြီး အနည်းဆုံးငွေကျပ် ၅,၀၀၀ ဖိုးနဲ့ အထက် ငွေပေးချေတိုင်းမှာလည်း COVID-19 ကာကွယ်ဆေးရန်ပုံငွေအတွက် အထက်ပါအတိုင်း တစ်ကြိမ်လျှင် ၁၀၀ ကျပ် လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အစီအစဉ်ကို ဇန်နဝါရီ ၁၅ ရက် ကနေစတင်ခဲ့တာ ဖြစ်ပါတယ်။

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««