CIO/CTO Online Conference ကျင်းပမည်

eGovernment လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး ဆပ်ကော်မတီနှင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) တို့ရဲ့ ဦးဆောင်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း မှ CIO/CTO Online Conference ဆွေးနွေးနှီးနှောဖလှယ်ပွဲကို သြဂုတ် ၂၇ ရက် နဲ့ ၂၈ ရက် တွေမှာ အွန်လိုင်းမှ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

နှီးနှောဖလှယ်ပွဲကို ကဏ္ဍအမျိုးမျိုး မှ CIO/CTO တွေအတွက် Role and Responsiblities, Skill and Certifications, Awareness of Industry 4.0 and focusing ideas, Transformation by innovative ways အစရှိတဲ့ ရှုထောင့်များမှ သိရှိဖွယ်၊ ဆင်ခြင်ဖွယ်၊ တွေးတောဖွယ်ရာများ ရရှိစေခြင်းဖြင့် Transformation လုပ်ငန်းတွေကို ပိုမိုထိရောက် အကျိုးရှိစေဖို့ အတွက် ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
အခမ်းအနားမှာ အစိုးရ နဲ့ ပုဂ္ဂလိက ကဏ္ဍများမှ Chief Information Officer (CIO) တွေ၊ Chief Technology Officer (CTO) တွေ၊ Multi National Coporation (MNC), Non-Government Organization (NGO), International Non-Government Organization (INGO) များမှ ICT Executive တွေ၊ ICT Professional တွေက အွန်လိုင်းဖြင့် MICT Park အဆောင် (၁၄) ၊ ဒုတိယထပ်ရှိ MCPA (Yangon) Live Room အတွင်းမှလည်းကောင်း၊ နိုင်ငံခြားနဲ့ ရပ်ဝေးရောက်ရှိသူတွေက သက်ဆိုင်ရာ နေရာအသီးသီးမှ လည်းကောင်း Online Platform မှ ပါဝင်ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နှီးနှောဖလှယ်ပွဲ ပထမနေ့အဖြစ် သြဂုတ် ၂၇ ရက်မှာ ဖွင့်ပွဲအခမ်းအနား၊ အဖွဲ့အစည်းတစ်ခုက မိမိ၏ CIO/CTO စွမ်းဆောင်ရည်ကိုဘယ်လိုတိုင်းတာမလဲ၊ ကမ္ဘာ့အနှံ့ဖြစ်ပွားလျက်ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကာလအတွင်း CIO/CTO တို့၏ကဏ္ဍ အစရှိတဲ့ ခေါင်းစဥ်တွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပြီး ဒုတိယနေ့ဖြစ်တဲ့ သြဂုတ် ၂၈ ရက်မှာ Opportunities & Challenges in Industry 4.0 (နည်းပညာခေတ်၏စိန်ခေါ်ခံ)၊ ၂၀၂၀ ပြည့်နှစ် နည်းပညာရေးစီးကြောင်း၊ ဖန်တီးတီထွင် အောင်ပွဲဝင် အစရှိတဲ့ ခေါင်းစဥ်တွေနဲ့ နံနက် ၉ နာရီခွဲမှ ၁၂ နာရီခွဲအထိ ဆွေးနွေးနှီးနှောဖလှယ်သွားကြမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ Online registeration ကို သြဂုတ် ၂၀ ရက် နံနက် ၉ နာရီ မှ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီအထိ သက်ဆိုင်ရာ Register Link သို့ ကြိုတင်ဝင်ရောက်ပြီး အချက်အလက်တွေ ဖြည့်သွင်းမှတ်ပုံတင်ကာ Your Webinar Link သို့ ဝင်ရောက်ထားရမှာ ဖြစ်ပါတယ်။ Online Platform သို့ဝင်ရောက်ရန် လမ်းညွှန်ချက် အသေးစိတ်ကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းရဲ့ Social Media Page များမှာ ကြည့်ရှုနိုင်ပြီး အသေးစိတ်ကို ဖုန်း-၀၁-၉၃၃၉၂၂၀၊ ၀၉၄၀၈၈၃၃၂၂၀ ၊အီးမေးလ်- yrcpaoffice@gmail.com သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ