Chuwi Hi9 10.1

တန်ဖိုး – ကန်ဒေါ်လာ ၁၈၉ (Amazon Price)

အားသာချက်

ပိုမိုကောင်းမွန်စွာကြည့်ရှုနိုင် တဲ့ ထောင့်ချိုးတွေပါဝင်ပြီးစက ရင်အရွယ်အစားကြီးမားတာ က ဒီ tablet ရဲ့အားသာချက် ဖြစ် ပါတယ်။ ဒါ့အပြင်ဘက်ထရီသက် တမ်း ကြာမြင့်စွာ အသုံးပြုနိုင်မှာ ဖြစ်ပြီး screen resolution က လည်း ကောင်းမွန်တာကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။

အားနည်းချက်

ကင်မရာ function ပိုင်းနဲ့ respond ပိုင်းက သိပ်ပြီးတော့ အားရကျေနပ်စရာရှိမှာမဟုတ်ပါ ဘူး။ Built-in speaker အသံတွေ ကလည်း အရမ်းကောင်းမွန်တာမျိုးမရှိပါဘူး။

အသေးစိတ်ဖော်ပြချက်

Chuwi Hi9 10.1Tablet မှာ Mediatek Helio X20 MT8173 chipset ကို အသုံး ပြုထားပြီး RAM ကတော့ 4GB ပါဝင်မှာဖြစ်ပါတယ်။ အချက်အ လက်တွေ သိမ်းဆည်းဖို့အတွက် 64GB ပမာဏရှိတဲ့ storage ပါဝင်မှာဖြစ်ပြီး SD card ထည့် သွင်းအသုံးပြုချင်သူတွေအတွက် အထောက်အပံ့ ပေးနိုင်အောင် လည်း စီစဉ်ပေးထားပါတယ်။ Display အရွယ်အစားက ၁၀.၁ လက်မခန့်အရွယ် အစားရှိမှာ ဖြစ် ပါတယ်။ Screen resolution ကတော့ 2560 x 1600 ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 7.0 ကို ဖြစ်ပါတယ်။ကင် မရာပိုင်းမှာတော့ နောက်ကင်မရာ က 5 megapixels ဖြစ်ပြီး စကရင်ဘက်အခြမ်းကင်မရာက တော့ 2 megapixels ရှိမှာဖြစ် ပါတယ်။ 8000 mAH ပမာ ဏရှိတဲ့ ဘက်ထရီကို အသုံးပြု ပေးထားပြီး ၁၀ နာရီခန့် အသုံးပြု နိုင်မှာဖြစ်ပါတယ်။

-သီဟ