Chuwi Hi8 SE Pro

တန်ဖိုး – ကန်ဒေါ်လာ ၉၀.၉၉

အားသာချက်

ကန်ဒေါ်လာ ၁၀၀ အောက်သာ သုံးစွဲချင်သူတွေအတွက် budget tablet တစ်ခုဖြစ်ပါတယ်။ Storage space များပြားတာကလည်း ဒီ tablet ရဲ့ အားသာချက်တစ်ခုပါ။

အားနည်းချက်

Rear camera က megapixels နည်းပါးသလို microSD card ထပ်စိုက်နိုင်မယ့် သတ်မှတ်ထားတဲ့ ပမာဏကလည်း နည်းပါးပါတယ်။

အသေးစိတ်ဖော်ပြချက်

MT8725VT chip ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.1GHz ရှိမှာဖြစ်ပါတယ်။ RAM 2GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 32GB ပမာဏရှိတဲ့ storage ပါဝင်မှာ ဖြစ်ပါတယ်။ အချက်အလက်များများ ထည့်သွင်းအသုံးပြုလိုသူတွေ အတွက် microSDကို 128GB ပမာဏအထိ အထောက်အပံ့ပေးထားပါတယ်။ Display က ၈ လက်မခန့်ရှိမှာဖြစ်ပြီး resolution က 1200 x 1920 ဖြစ်ပါတယ်။ ဒီ tablet မှာ Android 8.0 Operating System ကို အသုံးပြုထားပါတယ်။ Rear camera က 5 megapixels ဖြစ်ပြီး front camera ကတော့ 2 megapixels ဖြစ်ပါတယ်။ အင်တာနက် ချိတ်ဆက် အသုံးပြုဖို့အတွက် WiFi ကွန်ရက်ကိုသာ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီသိပ်သည်းဆ ပမာဏကတော့ 4000mAh သာ ရှိမှာဖြစ်ပါတယ်။

-သီဟ