CHUWI Hi13

တန်ဖိုး – ကန်ဒေါ်လာ ၃၆၉

အားသာချက်

ဒီဇိုင်းဆန်းပြားခြင်းနဲ့ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တာတွေကတော့ ဒီ tablet ရဲ့ အားသာချက် တစ်ခုပါ။ ကင်မရာ ပိုင်းလည်းကောင်းမွန်ပြီး 2 in 1 အသုံးပြုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။

အားနည်းချက်

စပီကာပိုင်းက အနည်းငယ် အားနည်းချက်ရှိပြီး ပါးလွှာအောင် လုပ်ဆောင်ထားလို့ USB port တွေကို အသုံးပြုရမှာ အနည်းငယ်ပြဿနာ ရှိနိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Core M3-7Y30 chip ကို အသုံးပြုထားပြီး RAM ကတော့ 8GB ပါဝင်မှာဖြစ်ပါတယ်။ အချက်အလက်တွေ ထည့်သွင်းဖို့ အတွက် 128GB ရှိတဲ့ SSD drive ပါဝင်မှာဖြစ်ပါတယ်။ Screen အရွယ်အစား ၁၃.၅ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 3000 x 2000 pixels ရှိမှာဖြစ်ပါ တယ်။ CHUWI Hi13 မှာ အသုံးပြုထားတဲ့ Operating System ကတော့ Windows 10 ကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းကတော့ နောက်ကင်မရာက5 megapixels ရှိမှာဖြစ်ပြီး စကရင် ဘက်အခြမ်း ကင်မရာကတော့ 2 megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီ သိပ်သည်းမှု ပမာဏကတော့ 10,000mAh ရှိမှာဖြစ်ပါတယ်။ ဒီ tablet ရဲ့အလေးချိန်ကတော့ ၂.၄၂ ပေါင်ရှိမှာဖြစ်ပြီး Keyboard နဲ့ချိတ်ဆက်ပြီး အသုံးပြုမယ်ဆိုရင် ၄.၄ ပေါင်ခန့်ရှိမှာဖြစ်ပါတယ်။

-သီဟ